သွားလေးတွေဖြူဝင်း လှပနေရင် ကိုယ့်ကိုကို ယုံကြည်မှုပိုရှိစေပါတယ်။ ဒါကြောင့် သွားတွေဖြူဝင်းပြီး ခိုင်မာစေမယ့် နည်းလမ်းလေးတွေကို ဝေမျှလိုက်ပါတယ်။

သွားကို ညစ်ပတ်စေမယ့် အစားအစာတွေ ရှောင်ပါ

ဝိုင်အနီ၊ ရေနွေးကြမ်းသောက်လိုက်၊ ဆေးလိပ်သောက်လိုက်ဆိုရင်တော့ ဖြူဖွေးတဲ့ သွားတွေ ရရှိလာမှာမဟုတ်ပါဘူး။

အရောင်ရင့်တဲ့ အချိုရည်တွေ၊ သွားပိုးစားစေတဲ့ အစားအစာတွေက သွားတွေကို ညစ်ပေစေပါတယ်။ ဒါကြောင့် ဒီလို အစားအစာတွေ စားပြီးရင် သွားချက်ခြင်း တိုက်သင့်ပါတယ်။ ဒါမှမဟုတ် ပန်းသီးတို့လို အသီးမျိုး စားပေးပါ။

သွားတိုက်တံလဲပေးပါ

ကျန်းမာတဲ့ သွားတွေ ရဖို့ ၂လ၊ ၃ လတစ်ကြိမ်လောက် သွားတိုက်တံလဲပေးပါ။ မလဲပေးရင် ကိုယ့်ပါးစပ်ထဲကို ဘက်တီးရီးယား ပိုးမွှားတွေ ထည့်ပေးသလိုဖြစ်နေမှာပါ။ သွားတိုက်တံကို သွားနဲ့၄၅ ဒီဂရီစောင်းပြီး စက်ဝိုင်းပုံစံ တိုက်ပေးပါ။

လျှာကိုပါတိုက်ပေးပါ

03-white-teeth-clean-tongue-sl

လျှာမှာကပ်နေတဲ့ အညစ်အကြေးတွေ ကုန်စင်စေဖို့ လျှာကို သေချာ သွားတိုက်တံနဲ့ တိုက်ပေးပါ။ ခံတွင်းအနံ့အသက်ဆိုးတွေက လျှာမှာကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် ဖြစ်တာများပါတယ်။ အကောင်းဆုံးကတော့ လျှာတိုက်တဲ့ သွားတိုက်တံနဲ့ တိုက်ပေးပါ။

သွားကို သန့်ရှင်းနိုင်တဲ့ အစားအစာတွေစားပါ

Beautiful young woman eating an apple. Isolated over white

ပန်းသီး၊ မုန်လာဥနီ၊ နံနံပင် တို့က သွားကို သန့်ရှင်းနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါကြောင့် သွားညစ်ထေးစေတဲ့ အစားအစာတွေစားပြီးရင် ၎င်းအစားအစာတွေကို ပြန်စားပေးပါ။

ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပါ

05-white-teeth-apple-cider-vinegar-sl

မနက်ခင်းမှာ ပန်းသီးရှာလကာရည်နဲ့ ပလုပ်ကျင်းပြီး သွားတိုက်ပါ။ ပန်းသီးရှာလကာရည်က သွားမှာကပ်နေတဲ့ အညစ်အကြေးတွေ၊ ဘက်တီးရီးယားတွေကို ဖယ်ရှားသေစေနိုင်ပြီးသွားတွေကို ဖြူဝင်းစေပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့တစ်ပတ်တစ်ကြိမ် သွားတိုက်ပါ

06-white-teeth-baking-soda-sl

မုန့်ဖုတ်ဆိုဒါက သွားမှာကပ်နေတဲ့ ညစ်ထေးမှုတွေကို ဖယ်ရှားနိုင်ပြီး သွားဖြူစေပါတယ်။ သွားတိုက်ဆေးနဲ့ တိုက်သလိုဘဲ မုန့်ဖုတ်ဆိုဒါကို ထည့်ပြီး တိုက်နိုင်ပါတယ်။

မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပါ

09-white-teeth-brushing-teeth-sl

မနက်မိုးလင်းအိပ်ယာ ထရင် ပါးစပ်ထဲမှာရှိနေတဲ့ ဘက်တီးရီးယားတွေနဲ့ အညစ်အကြေးတွေ ဖယ်ရှားဖို့သွားတိုက်ပေးပါ။

ညမအိပ်ခင်မှာလည်း ကိုယ်စားသမျှ စားကြွင်းစားကျန်တွေ သွားကို မဖျက်ဆီးအောင် သွားတိုက်ပေးပါ။