ထန်းရည်အချိုက ချိုပြီး အရသာလည်း ရှိတဲ့ သဘာဝထန်းပင်ကနေရတဲ့ ဝိုင်တစ်မျိုးပေါ့နော်။ ကမ္ဘာပေါ်မှာလည်း နာမည်ကြီးတဲ့ သောက်စရာ တစ်မျိုးပါ။ အနောက် အာဖရိက၊ အာဖရိက အလယ်ပိုင်း၊ အာရှ၊ တောင်အမေရိက စတဲ့နိုင်ငံတွေမှာ ထန်းရည်အချိုကို သောက်သုံးကြပါတယ်။

ကင်ဆာ ရောဂါကို တိုက်ဖျက်ပေး

ထန်းရည်အချိုမှာ ဗီတာမင် B2 လို့ လူသိများကြတဲ့ Riboflavin ဓာတ်ပါဝင်နေပါတယ်။ ဒီဓာတ်က Antioxidant တစ်မျိုးဖြစ်တာကြောင့် Free Radicals တွေကို တိုက်ဖျက်ပေးပါတယ်။ သာမန် ထန်းရည်အချိုကို အသင့်အတင့်သောက်သုံးပေးရင် ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင် B2 ဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။

အမြင်အားကို ကောင်းစေ

ထန်းရည်မှာ Antioxidant၊ ဗီတာမင် စီဓာတ်ပါဝင်တာကြောင့် မျက်စိအမြင်အားကို ကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗီတာမင် B1 (Thiamine) ဓာတ်လည်းပါဝင်တာကြောင့် မျက်စိအမြင်ကို မြှင့်တင်ပေးပါတယ်။

အသားအရေ၊ ဆံသားနဲ့လက်သည်း ကျန်းမာရေးကို မြှင့်တင်ပေး

ထန်းရည်မှာ သံဓာတ်၊ ဗီတာမင် B Complex တွေပါဝင်တာကြောင့် အသားအရေ၊ ဆံသားနဲ့ လက်သည်းကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။

သံဓာတ်က ခန္ဓာကိုယ်ထဲကဆဲလ်တွေ ကြီးထွားဖို့အတွက် အဓိက လိုအပ်ပါတယ်။ ဒါ့ကြောင့် အနာအကျက်မြန်စေဖို့၊ ကျန်းမာတဲ့ဆဲလ်တွေအတွက် ထန်းရည်က အရေးကြီးပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ချပေး

ထန်းရည်မှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်တာကြောင့် နှလုံးရောဂါကို ကာကွယ်ပေးပြီး သွေးတိုးကိုကျစေပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်ရင်တော့ အသည်းကို ပျက်စီးစေပါတယ်။

သတိထားသင့်တဲ့ ထန်းရည်ရဲ့ ဆိုးကျိုးများ

ထန်းရည်ကို တစ်ခါသောက်ရင် တစ်ခွက်လောက်ပဲ သောက်သုံးသင့်ပါတယ်။ အလွန်အကျွံသောက်ရင် အသည်းမှာ အဆီဖုံးတာ၊ သွေးကျဲတာ၊ နှလုံးကြွက်သားတွေ အားနည်းပြီး သွေးကို မပို့ဆောင်နိုင်တာ၊ အသည်းလုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်တာ၊ ကြွက်သားတွေ အားနည်းတာတု့ိ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာတော့ မသောက်သုံးသင့်ပါဘူး။