တစ်နေ့တာ အစားအစာ ချက်ပြုတ်တဲ့ အခါမှာပဲ ဖြစ်ဖြစ် အစားအစာတွေကို စားသောက်တဲ့ အခါမှာ ဖြစ်ဖြစ် အသုံးပြုတဲ့ ပစ္စည်း အတွဲကတော့ ဓား၊ ဇွန်းနဲ့ ခက်ရင်းပါ။ အခု မီးဖိုချောင်ထဲက မရှိမဖြစ်ထဲမှာ ပါဝင်တဲ့ ပစ္စည်းသုံးမျိုးရဲ့ အသုံးပြုပုံ သမိုင်းကို မျှဝေချင်ပါတယ်။
ဓားကတော့ ဟိုးရှေး ကျောက်ခေတ်ကနေ စပြီး တီထွင် အသုံးပြုလာကြတာပါ။ ဓားရွက်ပုံစံမျိုးတွေကို ခုတ်ထစ်ဖို့ကနေ စပြီး အသုံးပြုလာခဲ့ပါတယ်။ ထိုကနေ တဖြည်းဖြည်း တိုးတက်လာပြီး သေသပ်တဲ့ ဓားတွေကို တီထွင် ခဲ့ကြပါတယ်။ ဓားတွေဟာ ဟိုးအရင်နှစ်ပေါင်းများစွာက ပေါ်ခဲ့ပေမယ့် စားပွဲတင်ဓားတွေကတော့ များစွာ မကြာလှသေးပါဘူး။
ဇွန်းတွေကိုလည်း ဓားတွေ နည်းတူ ရှေးခတ်ကတည်းက သုံးလာခဲ့ကြတာပါ။ သက်သေ အနေနဲ့ အီဂျစ် ရှေးဟောင်းပြတိုက်တွေမှာ တွေ့ရတဲ့ သစ်သား၊ ကျောက်၊ ဆင်စွယ်တွေနဲ့ လုပ်ထားတဲ့ ဇွန်းတွေကို တွေ့မြင်ကြမှာပါ။ ခေါမနဲ့ ရောမ လူမျိုးတွေဟာ ဇွန်းတွေကို ကြေးနီနဲ့ သံဖြူ ရောထားတဲ့ သတ္တုစပ်နဲ့ ပြုလုပ်ခဲ့ကြပြီး ငွေနဲ့လည်း ပြုလုပ်ကြပါတယ်။ အလယ်ခေတ်မှာတော့ အရိုးတွေနဲ့ လုပ်တဲ့ ဇွန်း၊ သစ်သား ဇွန်း၊ သံဖြူဇွန်းတွေ ပေါ်လာပြီး ချမ်းသာသူများကတော့ ငွေဇွန်းကို အသုံးပြုကြပါတယ်။
ခက်ရင်းကိုတော့ ဓားနဲ့ ဇွန်း အသုံးပြုပြီးတဲ့ အချိန်မှသာ အသုံးပြုခဲ့ကြတာပါ။ ပထမဆုံး ခက်ရင်းတွေကို သံ၊ အရိုး၊ သစ်သားအမာ တွေနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ ခွနှစ်ခွ ပါတဲ့ ခက်ရင်းတွေကိုသာ စတင်အသုံးပြုခဲ့ကြပြီး အစားအစာတွေ စားသုံးတဲ့ နေရာမှာ အသုံးမပြုခဲ့ကြပါဘူး။
အစားအစာ စားတဲ့ ခက်ရင်းကို အရှေ့တိုင်းမှာ စတင် အသုံးပြုခဲ့တာလို့ ယူဆရပါတယ်။ ထိုကနေ တဆင့် ဗင်းနစ်၊ ဗင်းနစ်ကနေ ဥရောပတိုက်ကို ပျံ့နှံ့ခဲ့ပုံပါပဲ။
အခုခေတ်မှာတော့ ဥရောပ အစားအစာတွေကို စားသုံးတဲ့ အခါမှာ ဓားနဲ့ ခက်ရင်းဟာ မပါမဖြစ် ပါလာပါပြီ။ အရှေ့တိုင်းမှာတော့ သိပ်ပြီး အသုံးပြုပုံ မရှိသေးပါဘူး။ ဒါပေမယ့် ခက်ရင်းနဲ့ ဇွန်းကိုတော့ အသုံးပြုနေကြပါတယ်။ မြန်မာပြည်မှာတော့ ဇွန်းနဲ့ ခက်ရင်းကို တွင်တွင်ကျယ်ကျယ် သုံးကြပါတယ်။
Ref: wiki