ငရုတ်သီးတို့၊ အစပ်တို့စားရင် ကိုယ်အလေးချိန်ကျဆင်းတာနဲ့တခြား ကျန်းမာရေးကောင်းကျိုးတွေရှိပေမယ့် အလွန်အကျွံစားရင်တော့ မကောင်းပါဘူး။

အစပ်အရမ်းစားရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဝေမျှပေးချင်ပါတယ်။

အစာအိမ်ရောင်ရမ်းခြင်း

စပ်တဲ့ အစားအစာတွေ အလွန်အကျွံစားသုံးရင် အစာအိမ်ရောင်ရမ်းတာတွေဖြစ်လာပါတယ်။ အစာအိမ်ရောင်ရမ်းခြင်း (Gastritis)က အစာအိမ်ရဲ့အတွင်းမျက်နှာပြင်တလျောက်ရောင်ရမ်းခြင်းဘဲဖြစ်ပါတယ်။

စပ်တဲ့အစားအစာတွေက အစာအိမ်ကို ကာကွယ်ပေးထားတဲ့ အတွင်းပိုင်းနံရံတွေကို ပါးစေပါတယ်။

ရင်ပူခြင်း (Acid Reflux)

တချို့လူတွေက အစပ်တွေ အလွန်အကျွံစားတဲ့အခါမှာ ရင်ပူတာ (Acid Reflux) တွေဖြစ်လာနိုင်ပါတယ်။

အရမ်းစပ်တဲ့ အစားအစာတွေက ခန္ဓာကိုယ်က သေချာမကိုင်တွယ်နိုင်တဲ့အခါမှာဖြစ်လာတတ်ပါတယ်။

ခံတွင်းနံ့ဆိုးခြင်း

စပ်တဲ့အစားအစာတွေမှာပါဝင်မှုများတဲ့ ပစ္စည်းတွေဖြစ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေက ခံတွင်းနံ့ကို ဆိုးစေပါတယ်။ ဒါ့ကြောင့် အရေးတကြီး ညစာစားပွဲတွေမှာ စပ်တဲ့အစားအစာတွေကို ရှောင်ကြဉ်ပါ။

အိပ်မပျော်ခြင်း

စပ်တဲ့အစားအစာတွေက ကောင်းမွန်စွာအိပ်ပျော်ဖို့ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ညအိပ်ပျော်ဖို့ ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေ နှေးသွားဖို့ လိုအပ်ပါတယ်။ စပ်တဲ့အစားအစာတွေစားထားရင် ခန္ဓာကိုယ်ရဲ့ အပူချိန်မြင့်နေပြီး ခန္ဓာကိုယ်အပူချိန်မြင့်တာကိုပုံမှန်ပြန်ရောက်ဖို့ ပြန်လုပ်ဆောင်ရတာတွေကြောင့် အိပ်ပျော်ဖို့ ခဲယဉ်းသွားပါတယ်။

အရသာခံနိုင်စွမ်းကို ထိခိုက်နိုင်

အမြဲလိုလို အပူအစပ်တွေဘဲ စားတဲ့သူတွေမှာ တခြား အစားအစာတွေကို အရသာခံနိုင်စွမ်းတွေ ကျဆင်းသွားပါတယ်။