မီးဖိုချောင်ဟာ အမျိုးသမီးတွေနဲ့ချည်း ဆိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ချက်ပြုတ်တတ်တဲ့ လူတွေဟာ ကိုယ်ရဲ့ ချစ်ခင်နှစ်သက်ရသူတွေ အတွက် ချက်ပြုတ်ကြတာ များပါတယ်။ သူတို့ရဲ့ နူးညံ့တဲ့ နှလုံးသားကနေ ချစ်ခြင်းတွေနဲ့ ချက်ပြုတ်ကြပါတယ်။

မီးဖိုချောင်နဲ့ ရင်းနှီးတဲ့ ယောကျ်ားတွေဟာ ချစ်စရာ သိပ်ကောင်းပါတယ်ဆိုတဲ့ ဆရာမဂျူးရဲ့ စာသားလေးကို အမျိုးသမီးတိုင်းလိုလို သဘောကျကြမယ် ထင်ပါတယ်။ အမျိုးသမီးတွေဟာ ဟင်းချက်တတ်တဲ့ အမျိုးသားတွေကို ပိုပြီး သဘောကျကြပါတယ်။ သူတို့ဟာ ပိုကြင်နာတတ်တယ်လို့ ထင်တတ်ကြပါတယ်။

man-cooking

နာမည်ကျော် စားဖိုမှူး တော့ဒ်ကတော့ ဂစ်တာတီး သင်တာထက် ဟင်းချက်သင်တာဟာ ပိုလွယ်ကူပြီး မိန်းမတွေရဲ့ အချစ်ကို ပိုခံရပါတယ်လို့ ပြောထားပါတယ်။ Relationship တစ်ခု ပျက်သွားပြီး အသစ်တစ်ခုကို စတင်တော့မယ် လူ ဒါမှမဟုတ် သင်ရဲ့ ဇနီးကို အကောင်းဆုံး ဂရုစိုက်မှုကို ပြချင်တဲ့လူဆိုရင်တော့ နှင်းဆီပန်းများစွာထက် ပိုပြီး စွဲဆောင်မှုရှိစေတာကတော့ သူ့ကို ဟင်းချက်ကျွေးလိုက်ပါလို့ စားဖိုမှူးတစ်ဦးက အကြံပေးထားပါတယ်။

အမျိုးသားတွေ ချက်ပြုတ်တဲ့အခါ အမျိုးသမီးတွေရဲ့ အမြင်မှာ

၁။ ပိုချစ်ခင်တယ်လို့ ထင်မှတ်ခံရ

အမျိုးသားတွေတွေ ချက်ပြုတ်ပေးခြင်းဟာ ရိုမန့်တစ်ဆန်တယ်လို့ ယူဆကြပြီးတော့ သူတို့အတွက် အချိန်ပိုပေးတယ်လို့ မြင်ကြပါတယ်။ တစ်နေ့လုံး အတူတူ ရှိနေပြီး သူမ ကြိုက်တတ်တဲ့ အစားအစာတွေကို ချက်ပြုတ်ပေးမယ်ဆိုရင်တော့ သူမကို သင် ဘယ်လောက်ကြွေနေပြီဆိုတာ ပြသလိုက်သလိုပါပဲ။

၂။ ပိုမိုဖန်တီးနိုင်စွမ်း ရှိတယ်လို့ ထင်မှတ်ခံရ

အမျိုးသမီးတွေဟာ အနုပညာဆန်တဲ့ ယောင်္ကျားတွေကို ချစ်ခင်တတ်ပါတယ်။ ဂီတ၊ စာပေ၊ အနုပညာ တစ်မျိုးမျိုးမှာ ကျွမ်းကျင်လိမ္မာနေတဲ့ လူဆိုရင် အမျိုးသမီးတွေရဲ့ ချစ်ခြင်းကို ခံရဖို့ ရာခိုင်နှုန်း အတော်များပါလိမ့်မယ်။ ဒီလိုပါပဲ ချက်ပြုတ်ခြင်း အနုပညာကို ပိုင်နိုင်တဲ့ ယောင်္ကျားတွေကိုလည်း ဖန်တီးနိုင်စွမ်း ရှိသူတွေလို့ ထင်မှတ်ပြီး ချစ်ခင်တတ်ကြပါတယ်။

lovely couple in kitchen

၃။ အောင်မြင်တဲ့အခါ အထင်ကြီးလေးစားခံရ

အမျိုးသားတစ်ယောက် ဟင်းပွဲတစ်ခုကို အရသာ ကောင်းမွန်အောင် ချက်ပြလိုက်ပြီဆိုရင်တော့ ဒါဟာ ဟင်းချက်ခြင်းဟာ အောင်မြင်ပြီလို့ ဆိုရပါမယ်။ သူမ မြည်းစမ်းတဲ့ အချိန်မှာ သင်ဟာ ယုံကြည်မှု ရှိစွာနဲ့ စောင့်နေရုံပါပဲ။ သူမဆီကနေ ပေးမယ့် မှတ်ချက်ဟာ သင့်အတွက် အကောင်းတွေချည်း ဖြစ်နေမှာပါ။

၄။ ဘယ်နေရာမှာ မဆို သူမအတွက် အစားအစာ လုပ်ပေးခြင်းဟာ ပန်းစည်းတွေထက် ပိုနှစ်သက်ခံရ

မီးဖိုချောင်မှာပဲ မဟုတ်ဘဲ သူမ အလိုရှိလာတဲ့ အချိန် စားစရာ တစ်ခုခု လုပ်ပေးခြင်းဟာ သင့်ကို ပိုပြီး ချစ်ခင်နှစ်သက်စေနိုင်တဲ့ အကောင်းဆုံးအချက်ပါပဲ။ အမျိုးသမီးတွေ ဗိုက်ဆာနေချိန်မှာ သင်ဘယ်အရာမှ မငြင်းမိပါစေနဲ့။

man-cooking

၅။ သင်ရဲ့ ကျွမ်းကျင်မှုကို ပြတဲ့အခါ ယုံကြည်အားကိုးခံရ

အတူတူ ချက်ပြုတ်တဲ့အခါ သင် ဟင်းချက် ဘယ်လောက် ပိုင်နိုင်ကြောင်း ပြသလို့ ရပါတယ်။ Date မှာ ကောင်မလေးကို ချက်ကျွေးမယ်ဆိုရင်တော့ သင်ရဲ့ ဓားကိုင် ကျွမ်းကျင်မှုနဲ့ ဟင်းပွဲ အစပ်အဟပ် တည့်မှုတွေဟာ သူရဲ့ ယုံကြည် အားကိုးမှုကို ရလာစေမှာပါ။

ကဲ ကိုယ့်ကောင်မလေး စိတ်ကောက်နေတဲ့ အချိန် ဘယ်နည်းလမ်းနဲ့ ချော့ရမလဲဆိုတာ အခုဆို ရိပ်မိလောက်ပါပြီ။