၂၁ ရာစုမှာ အလှအပနဲ့ ပတ်သက်ပြီး နူးညံ့ စိုပြည်တဲ့ အသားအရေ ရရှိစေဖို့ အဓိကထား အသုံးပြုကြတာက သဘာဝ အသီးအနှံလေးတွေပါ ။ သဘာဝ အသီးအနှံတွေမှာရှိတဲ့ အကျိုးပြု အာဟာရဓာတ်တွေက ဘေးထွက်ဆိုးကျိုးနည်းပြီး ကျန်းမာ စိုပြည်လှပတဲ့ အသားအရေကို အံ့သြလောက်အောင် ဖော်ဆောင်ပေး နိုင်တယ်လေ ။

ဗီတာမင်နဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ ကြွယ်ဝတဲ့ သဘာဝ အသီးအနှံလေးတွေနဲ့ အလှအပ ရေးရာ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်လို့ ဈေးကွက်မှာ သဘာဝ သီးနှံအခြေခံ ထုတ်လုပ်ထားတဲ့ အလှကုန်တွေ ကလည်း အလှအပ မြတ်နိုးသူတွေ ကြားရေပန်းစား လို့ နေလေရဲ့ ။   အံ့ဖွယ် အစွမ်း သတ္တိတွေနဲ့ အလှအပ အကျိုး ရလဒ်တွေကို ဖော်ဆောင်ပေးမယ့် Passion Fruit ခေါ် ချစ်ခြင်းမေတ္တာတွေကို ဆောင်ယူပေး မယ့် အသီးလေး ကတော့ ပင်မှည့်သီး လေးပေါ့ ။

ပင်မှည့်သီးကဖော်ကျူးပေးတဲ့ အလှတရားများ

မြန်မာနိုင်ငံနဲ့ အပူပိုင်းဒေသ ၊ သမပိုင်းဒေသတွေ မှာ ပေါပေါများများ ရှာတွေ့နိုင်မယ့် ပင်မှည့်သီးလေး တွေက အရွယ်တ င်နုပျိုပြီး နူးညံ့ စိုပြည်တဲ့ အသားအရေကို ဖော်ဆောင်ပေးနိုင်တယ် ဆိုတာ သင်သိပါသလား ။   နွေရာသီ နေပူပူမှာ ရင်ကို အေးမြစေတဲ့ ပင်မှည့်သီးဖျော်ရည်က သင့်အသားအရေကို လန်း ဆန်းနုပျိုစေတဲ့ အစွမ်းတွေရှိတယ်နော် ။

၁။ အရေးအကြောင်းတွေ ကင်းပြီး အရွယ်တင် နုပျိုစေတယ် ။

ချိုမြပြီး ရနံ့မွှေးတဲ့ ပင်မှည့်သီးမှာ အသားအရေကို အိုမင်းရင့်ရော်စေတဲ့ Free radical တွေကို တိုက်ဖျက် ကာကွယ်ပေးမယ့် ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ် ။   ဗီတာမင်စီက အသားအရေကို အရွယ် မတိုင်မီ အိုမင်း ရင့်ရော်ခြင်းမှ ကာကွယ်ပေးပြီး နုပျိုလန်းဆန်း စေတဲ့ အစွမ်းရှိပါတယ် ။   အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေနဲ့ အသားအရေ တွန့်တာတွေကို ပင်မှည့်သီး အနှစ်ရည်က ထိရောက်စွာ လျော့ပါး သက်သာစေနိုင်တယ်နော် ။

ပင်မှည့်သီး ကို ဘယ်လိုရွေးမလဲ ဘယ်လိုစားမလဲ

၂။ သန်စွမ်းထူထဲ နက်မှောင်လှပတဲ့ ကေသာ အလှကို ဆောင်ယူပေးပါတယ် ။

ကျန်းမာ သန်စွမ်းပြီး နက်မှောင် တောက်ပြောင်တဲ့ ဆံကေသာ အလှကို ရရှိ လိုရင်တော့ ဆံသား အရင်းအမြစ်နဲ့ မွေးညင်းအိတ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ဖို့ လိုအပ်ပါတယ် ။   အာဟာရဓာတ်တွေနဲ့ ဆံသား အတွက် လိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ပင်မှည့်သီး အစွမ်းကလည်း အံ့မခန်း ပါပဲ ။

ပင်မှည့်သီးမှာ ဆံသား အကျိုးပြုတဲ့ ဗီတာမင်အေ ၊  ဗီတာမင် B 2 & B 6 ၊ ဗီတာမင်စီနဲ့ ပိုတက်စီယမ် ၊ ကော့ပါးဓာတ် အစရှိတဲ့ အကျိုးပြု အာဟာရဓာတ်တွေ ပါဝင်လို့ ဆံသားကို သန်စွမ်းလှပ နက်မှောင် တောက်ပြောင်စေပါတယ် ။   ဆံပင် ကျွတ်လွန်းခြင်းနဲ့ ဆံသားပါးတဲ့ ပြဿနာတွေကို ပင်မှည့်သီးက ကောင်းကောင်းကြီး ကာကွယ်ပေးနိုင်တယ်နော် ။

၃။ အဆီပိုကင်းတဲ့ ကျစ်လျစ်သွယ်လှ ခန္ဓာကိုယ် အလှကို ပေးစွမ်းနိုင်ပါတယ် ။

ဗီတာမင်စီ ကြွယ်ဝတဲ့ ပင်မှည့်သီးဟာ ကယ်လိုရီပမာဏ နည်းပါးစွာပါဝင်တာမို့ အဝလွန်နေသူတွေ အတွက် ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်အလှရရှိအောင် ကူညီပေးနိုင်တယ်နော် ။

သဘာဝ သကြားဓာတ်နဲ့ ကာဗွန်ဟိုက်ဒြိတ်တွေပါဝင်လို့ မနက်စောစောမှာ ပင်မှည့်သီး Fresh Juice တစ်ခွက် မှန်မှန်သောက် ပေးမယ် ဆိုရင် လန်းဆန်း တက်ကြွပြီး အားအင်ပြည့်ဝစွာ နဲ့ တစ်နေ့တာကို ဖြတ်သန်းနိုင်မှာ အသေအချာပေါ့ ။   ကယ်လိုရီ ပါဝင်မှု နည်းတဲ့အတွက် ခန္ဓာကိုယ် အလေးချိန် လျော့ကျပြီး ကျစ်လျစ် သွယ်လျတဲ့ Slim Body လေးကိုလည်း ပိုင်ဆိုင်နိုင်ပါပြီ ။

ကြည်လင်တောက်ပတဲ့ မျက်ဝန်းအလှကို ပေးပါတယ် ။  ပင်မှည့်သီးမှာ ပါဝင်တဲ့ Beta carotene က ကြည်လင်တောက်ပတဲ့ မျက်ဝန်းအလှကို ဖော်ဆောင် ပေးတဲ့ အပြင် အမြင်အာရုံ ကိုလည်း ကောင်းစေပါတယ် ။ တောက်ပ ရွှန်းစိုတဲ့ မျက်ဝန်း အလှကို လိုချင်ရင်တော့ ပင်မှည့်သီးဖျော်ရည်ကို မှန်မှန်သောက်နော် ။

Source: The Spruce Eats

ပင်မှည့်သီးနဲ့ အလှပြင်မယ်

သဘာဝ ပင်မှည့်သီးကို သုံးပြီး သင့်အသားအရေနဲ့ ဆံသား လှပအောင် အလှပြင်နိုင်ပါတယ် ။   ပထမဆုံး လှပကြည်လင်တဲ့ မျက်နှာ အသားအရေ ရရှိစေဖို့ ပင်မှည့်သီး မျက်နှာပေါင်းတင်ဆေးကို သုံးကြည့်ရအောင် ။  ပင်မှည့်သီးကို ထက်ခြမ်း ခွဲပြီး ပင်မှည့်သီး အနှစ်ကို ယူပါ ။   ပင်မှည့်သီး အနှစ်ကို သန့်စင် ဆေးကြောထားတဲ့ မျက်နှာ အသားအရေပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့် ထားကာ ရေဖြင့် သန့်စင် ဆေးကြောပေးပါ ။   ပြီးရင်တော့ မျက်နှာကို သဘက် ၊ ပဝါတို့နဲ့ မသုတ်ဘဲ ဒီအတိုင်း ခြောက်သွေ့ပါစေ ။

ရလဒ်အနေနဲ့ ဓာတ်တိုး ဖြစ်စဉ်တွေကို ကာကွယ်ပေးပြီး Free radial တွေကို တိုက်ထုတ်ပေးတဲ့ အတွက် အိုမင်း ရင့်ရော်ခြင်း ကင်းတဲ့ နုပျို စိုပြည်လှပတဲ့ အသားအရေကို ဖော်ဆောင်ပေးပါတယ် ။   ဒါ့အပြင် ပင်မှည့်သီး အရည်မှာ ပါတဲ့ အစိုဓာတ်နဲ့ အာဟာရတွေက စိုပြည် လှပပြီး ကြည်လင် လန်းဆန်းတဲ့ အသားအရေကို ဖန်ဆင်းပေး တယ်လေ ။

မျက်နှာပေါ်က ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ အတွက်ကတော့ ပင်မှည့်သီးအနှစ်နဲ့ ပျားရည် ၊ အုတ်ဂျုံ အမှုန့် တို့ကို အသုံးပြုပြီး အိမ်တွင်း မျက်နှာပေါင်းတင်ဆေးကို ပြုလုပ်နိုင်ပါတယ် ။   ဗီတာမင်အေနဲ့ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့ ပင်မှည့်သီး အနှစ် တစ်ဇွန်းစာကို ပျားရည် ဇွန်းတစ်ဝက်နဲ့ အုတ်ဂျုံအမှုန့် တစ်ဇွန်းစာတို့နဲ့ ရောမွှေကာ သန့်စင် ဆေးကြောထားတဲ့ မျက်နှာပေါ်မှာ သုတ်လိမ်းပြီး ၁၅ မိနစ်ခန့် ထား ထားလိုက်ပါ ။

မျက်နှာ အသားအရေပေါ်မှာ ရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေ ဆဲလ်အသစ် ဖြစ်ပေါ်မှုကို အားပေးတယ်လေ ။   ၁၅ မိနစ်ခန့် ထားပြီး ရင်တော့ ရေများများနဲ့ သန့်စင်သွားအောင် ဆေးကြောပြီးတဲ့ အခါ နူးညံ့ စိုပြည် ပြီး တောက်ပ ကြည်လင်တဲ့ အသားအရေ အလှကို သင်ပိုင်ဆိုင်နိုင်ပြီပေါ့ ။

Credit : Htut Thinzar
မှတ်စု