ထောပတ်သီးက ကျန်းမာရေးအတွက်ကတော့ စူပါ အစားအစာပါပဲ။ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီဓာတ်တွေ၊ Antioxidants ၊ ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေပါဝင်တာကြောင့် စားသုံးပေးသင့်ပါတယ်။

မနက်စာ၊ နေ့လည်စာ၊ ညစာ တို့မှာ ထည့်သွင်းစားသုံးပေးသင့်သလို အဆာပြေအစာအဖြစ်လည်း စားပေးသင့်ပါတယ်။

ကင်ဆာကို ကာကွယ်ပေး

ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပြီး၊ ကိုယ်အလေးချိန်လျော့ချပေးမယ့် ထောပတ်သီး

ထောပတ်သီးမှာပါဝင်တဲ့ Phytochemicals တွေက ခံတွင်းကင်ဆာအပါအဝင် ကင်ဆာရောဂါတွေအတွက် အထူးကောင်းမွန်ပါတယ်။

Phytochemicals က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးပါတယ်။ အဲ့ဒီအပြင် Cartotenoid Antioxidants က အရေပြားကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန် လျော့ချပေး

အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် မတက်အောင် ပြုလုပ်ရမယ့် နည်းလမ်းများ

ကာဗိုဟိုက်ဒရိတ် ပါဝင်မှု နည်းပြီး ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အဆီဓာတ်တွေပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို လျော့ချပေးပါတယ်။

ဟော်မုန်းကို ထိန်းညှိပေးပြီး ဝမ်းဗိုက်ပြည့်နေသလို ခံစားရမှာပါ။ Monounsaturated Fatty အက်ဆစ်က သကြားစွဲလမ်းမှုကိုလျော့ချပေးနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

ဟော်မုန်းကို ထိန်းညှိပေးခြင်း

ထောပတ်သီးမှာပါဝင်တဲ့ Fatty အက်ဆစ်တွေက ပင်မအာရုံကြောစနစ်ကို ထိန်းညှိပေးပါတယ်။ ဟော်မှုန်းကိုထိန်းညှိပေးနိုင်တာကြောင့် စိတ်ခံစားချက်ကို ပိုကောင်းစေပါတယ်။ စိတ်လှုပ်ရှားမှု၊ စိတ်ဂနာမငြိမ်ဖြစ်မှု၊ စိတ်ဓာတ်ကျမှုတွေကို ကာကွယ်ပေးပါတယ်။