တစ်နေ့ကို ဘီယာ တစ်ခွက် (သို့) နှစ်ခွက် သောက်သုံးတာဟာ လူတွေရဲ့ ကျန်းမားရေးကို အံ့သြစရာကောင်းအောင်ကို အကျိုးပြုနေပါတယ်ဆိုတာကို သုတေသနတွေ့ရှိချက်တွေက ဖော်ပြနေပါတယ်။

(၁) ကျောက်ကပ်အတွင်း ကျောက်တည်မှု အန္တရာယ်ကို လျှော့ကျစေပါတယ်။

၂၀၁၅ ခုနှစ်၊ ဖင်လန်နိုင်ငံ ဟယ်ဆင်ကီ (Helsinki) မြို့ရဲ့ အမျိုးသား ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းက ဒေါက်တာ တယ်လို ဟာဗိုနန် (Dr. Tero Hirvonen)  ဦးဆောင်တဲ့ ဖင်လန်သုတေသနအဖွဲ့ဟာ သက်လတ်ပိုင်း အမျိုးသား ၂၇,၀၀၀ ကို လေ့လာပြီး “တစ်နေ့ကို ဘီယာတစ်လုံး သောက်သုံးတဲ့သူတွေမှာ ကျောက်ကပ် ကျောက်တည်မှု အန္တာရာယ်ကို ၄၀% လျော့ချပေးနိုင်တယ်” လို့ ဖော်ပြခဲ့တာပါ။

ဘီယာက ဆီးသွားနှုန်းကို မြင့်မားစေပြီး ကျောက်ဖြစ်တည်မှုကို အန္တရာယ်ကို လျော့ချပေးနိုင်ပါတယ်။

 (၂) နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

အမေရိကန်ပြည်ထောင်စု ပန်ဇန်ဗေးနီးယား (Pennsylvania) ပြည်နယ် ဆကရန်တန် (Scranton) တက္ကသိုလ်ရှိ သုတေသနအဖွဲ့တစ်ခုက အနက်ရောင် အဆင်းရှိတဲ့ ဘီယာဟာ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချနိုင်တယ်လို့  တွေ့ရှိခဲ့ပါတယ်။

အခုလေ့လာမှုကို ဦးဆောင်တဲ့ ပါမောက္ခ ဒေါက်တာ ဂျိုး ဗင်ဆန် (Dr Joe Vinson) က ဘီယာဟာ နှလုံးရောဂါဖြစ်ပွားမှုကို ထက်ဝက်လောက် လျှော့ချပေးတယ်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

the-surprising-health-benefits-of-drinking-beer

(၃) လေဖြတ်မှု အန္တာရာယ်ကို လျှော့ချပေးပါတယ်။

အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ် ဆေးပညာကျောင်းနဲ့ အမေရိကန် လေဖြတ်ရောဂါဆိုင်ရာ  အဖွဲ့ရဲ့ လေ့လာမှုတွေအရ ဘီယာကိုအနည်းငယ်သောက်သုံးသူ တွေဟာ လုံးဝမသောက်သုံးသူတွေနဲ့ယှဉ်ရင် လေဖြတ်မှု အန္တရာယ် လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ ဘီယာကို သောက်သုံးရင်တော့ သွေးလွှတ်ကြောတွေဟာ ပျော့ပြောင်းလာပြီး သွေးစီးဆင်းမှု သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။

(၄) အရိုးတွေကို သန်မာစေပါတယ်။

ဘီယာမှာ အရိုးတွေကို သန်မာစေသည့် ဆီလီကွန် ပါဝင်မှု မြင့်မားပါတယ်။ ဒါပေမဲ့ သင့်တင့်မျှသတဲ့  အနေအထားပဲ သောက်သုံးရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင် မက်ဆချုးဆက်ပြည်နယ်မှာရှိတဲ့ တက်ဖ်(Tufts) တက္ကသိုလ်က တနေ့ကို ဘီယာ တခွက် (သို့) နှစ်ခွက် သောက်သုံးသူဟာ အရိုးကျိုးမှု အန္တရာယ်ကို လျှော့ချပေးနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့် အဲဒီထက်ပို သောက်ရင်တော့ အရိုးများ အားနည်းလာပြီး အရိုးအက်မှုကို ပိုမို မြင့်မားလာမယ်ဆိုတာတော့ သတိပြုရပါမယ်။

beer-couple

(၅) ဆီးချိုရောဂါဖြစ်ပွားမှုကို လျှော့ချပေးပါတယ်။

၂၀၁၁ ခုနှစ် ဟားဗတ် တက္ကသိုလ် သုတေသီတွေက တစ်နေ့ကို ဘီယာ တခွက် (သို့) နှစ်ခွက် သောက်သုံးတဲ့ သက်လယ်ပိုင်း အမျိုးသားတွေဟာ ဆီးချိုရောဂါ ဖြစ်ပွားမှုကို လျှော့ကျစေတယ်လို့ ဖော်ပြထားပါတယ်။

သက်လတ်ပိုင်းအမျိုးသား ၃၈,၀၀၀ ကို လေ့လာပြီး အရက်ပါဝင်တဲ့ ဘီယာထဲမှာ  ဆီးချို ဖြစ်စေမှုကို ကာကွယ်ပေးတဲ့ အင်ဆူလင် ဟော်မုန်း၏ စွမ်းရည် (Insulin Sensitivity) ကို မြင့်မားစေတယ်လို့ ပါမောက္ခ ဒေါက်တာ မစ်ချယ်လ် ဂျိုစတန် (Dr Michel Joosten) က  ကောက်ချက်ချထားပါတယ်။

ဒါ့အပြင် ဘီယာထဲမှာ အမျှင်ဓါတ် ပျော်ဝင်မှု ကောင်းမွန်ပြီး သွေးတွင်းအချိုဓါတ်ကို ထိန်းချုပ်ပေးနိုင်တာကြောင့် ဆီးချို ဝေဒနာရှင်တွေအတွက် အထူးကောင်းမွန်တဲ့ ဓါတ်ဆာ တစ်မျိုးဘဲဖြစ်ပါတယ်။

(၆) Alzheimer လို့ခေါ်တဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါ အန္တရာယ်ကို လျော့ချပေးပါတယ်။

၁၉၇၇ ခုနှစ် လေ့လာတွေ့ရှိချက်အရ ဘီယာကို တစ်ခွက်(သို့) နှစ်ခွက် သောက်သုံးသူတွေဟာ Alzheimer လို့ခေါ်တဲ့  မှတ်ဉာဏ်ချို့ယွင်းတဲ့ရောဂါ ကို လျော့ချပေးနိုင်တယ်လို့ အကြံပြုထားပါတယ်။ ဘီယာမှာ ပါဝင်တဲ့ ဆီလီကွန်တွေဟာ ဦးနှောက် ထိခိုက်ယိုယွင်းလာမှုကို ကာကွယ်ပေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

(၇) အိပ်မပျော်တာကို ကုသပေးနိုင်ပါတယ်။

ဘီယာကို သဘာဝကပေးတဲ့ခေါင်းအုံးကလေးလို့ တင်းစားကြပါတယ်။

အင်ဒီးယားနား (Indiana) ဆေးတက္ကသိုလ်က သုတေသနအရ ဘီယာဟာ ပျော်ရွှင်တဲ့သတင်းအချက်အလက်တွေကို  ပို့ဆောင်ပေးတဲ့ Dopamine ပမာဏ မြင်မားလာစေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဘီယာသောက်သုံးတာဟာ တည်ငြိမ်အေးဆေးတဲ့ ခံစားမှုမျိုးရရှိသလို ပိုပြီးတော့လည်း အပန်းပြေစေမှာဖြစ်ပါတယ်။ဒါပေမယ့် ဘီယာကို စားပွဲတင်  ဇွန်း ၁ ဇွန်းပမာဏလောက်ပဲ သောက်သုံးရမှာပါ။

old-man-drinking-beer

(၈) မျက်စိအတွင်းတိမ်ဖြစ်ပွားမှုကို တားဆီးနိုင်ပါတယ်။

ဘီယာ သောက်နေချိန် သင့်ရဲ့ အမြင်အာရုံတွေ မှုံဝါးလာနိုင်ပါတယ်။ ဒါပေမယ့်  ဘီယာကို မှန်ကန်တဲ့ ပမာဏလောက်သောက်သုံးရုံနဲ့  သင့်အမြင်တွေ ကြည်လင်လာပါလိမ့်မယ်။

အနောက်ပိုင်း အွန်တာရီယို (Ontario) တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ အထူးသဖြင့် အနက်ရောင် အဆင်းရှိတဲ့ ဘီယာထဲမှာ Antioxidant ကို တွေ့ရှိခဲ့ပြီး သူဟာ သွေးကြောတွေမှာရှိတဲ့ ဆဲလ်တွေ ထဲမှာ စွမ်းအင် ထုတ်လုပ်မှု ကို ပြုလုပ်ပေးတဲ့ Mitochondrial ပျက်စီးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

သုတေသီတွေကတော့ တစ်နေ့ကို ဘီယာတစ်ခါလောက်သောက်သုံးပေးပြီး သင့်မျက်စိကို ဆရာဝန်ပြစရာမလိုအောင် ပြုလုပ်ပါလို့ မှတ်ချက်ပြုထားပါတယ်။

(၉) ကင်ဆာရောဂါကို ကုသနိုင်ပါတယ်။

ဘီယာဟာ ကင်ဆာရောဂါကို ကုသပေးနိုင်ပါသလား။အိုင်ဒါဟို (Idaho) တက္ကသိုလ်က သိပ္ပံပညာရှင်တွေကတော့ အဲဒီလို တွေးထင်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလက သုတေသီတွေရဲ့ တွေ့ရှိချက်မှာ ဘီယာမှာ အဓိကပါဝင်တဲ့အရာတွေဟာ ကင်ဆာရောဂါနဲ့ အဆစ်ရောင်ရောဂါတွေကို တိုက်ဖျက်ရာမှာ အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

အရသာ ခါးခါးပြုလုပ်ဖို့ ဘီယာထဲမှာ ထည့်သွင်းထားတဲ့ Hop လို့ခေါ်တဲ့ အသီးတွေမှာ Humulones နဲ့ Lupulones လို့ခေါ်တဲ့ အက်ဆစ်တွေတွေ့ရပြီး ဘက်တီးရီးယားကြီးထွားမှုနဲ့ ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

beer-weight-loss

(၁၀) ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူဖြစ်စေပါတယ်

ထူးဆန်းနေပါလိမ့်မယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ “ဘီယာဗိုက်” လို့ နောက်ပြောင်ခေါ်ဝေါ်တတ်လေ့ရှိပြီး  ဘီယာသောက်ရင် ဗိုက်ပူတယ် ဒါမှမဟုတ် ကိုယ်အလေးချိန် ပိုတက်စေတယ်လို့ ယူဆထားကြပါတယ်။

ဒါပေမဲ့  အမေရိကန် ပြည်ထောင်စု အော်ရီဂွန် (Oregon) တက္ကသိုလ်က သုတေသနပညာရှင်တွေကတော့ ဘီယာဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်တယ်လို့ ၂၀၁၆ ခုနှစ်အစောပိုင်းမှာ ပြောလာပါတယ်။

ဘီယာကို ခါးသက်သက်အရသာဖြစ်အောင် ထည့်သွင်းတဲ့ထားတဲ့ (Hop)လို့ခေါ်တဲ့ အသီးတွေမှာပါဝင်တဲ့ Xanthohumol ကွန်ပေါင်း (Compound) တွေဟာ အဝလွန်တာ၊ သွေးတွင်း သကြားဓါတ် မြင့်မားတာစတဲ့ ဇီဝရုပ် ဖြစ်ပျက်မှုမမှန်တာကြောင့် ဖြစ်တဲ့ရောဂါ အစုအဝေး Metabolic Syndrome ကိုလျှော့နည်းစေပါတယ်။

Credit: telegraph