အများအားဖြင့် အနံ့အရသာကောင်းအောင် ဟင်းချိုတွေမှာ ခပ်တယ်၊ အသုတ်တွေမှာထည့်သုတ်ကြပေမယ့် တရုတ်နံနံရဲ့ အကျိုးကျေးဇူးတွေကို သေချာ မသိကြပါဘူး။

တရုတ်နံနံက ဟင်းလျာတွေရဲ့ အနံ့အရသာကောင်းအောင် လုပ်ဆောင်ပေးနိုင်တဲ့အပြင် တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း အများကြီးရှိပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

သကြားဓာတ်က ကင်ဆာဆဲလ်တွေကို ကြီးထွားစေနိုင်

တရုတ်နံနံထဲမှာ ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ ဓာတ်တွေအများကြီးပါဝင်ပါတယ်။ Phthalides နဲ့ Polyacetylenes ဓာတ်တွေက ခန္ဓာကိုယ်ထဲရှိ ကင်ဆာဆဲလ်တွေကို ဖယ်ရှားပေးပြီး ကင်ဆာရောဂါကို ကာကွယ်ပေးပါတယ်။

သွေးပေါင်ချိန်ကို ထိန်းသိမ်းပေး

ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးပါတယ်။ အဲ့ဒီအပြင် Phthalides ဓာတ်က သွေးလွှတ်ကြောက ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေပြီး သွေးတိုးတာကို ကာကွယ်ပေးကာ သွေးပေါင်ချိန်ကို ထိန်းသိမ်းပေးပါတယ်။

ခံတွင်း အနံ့ဆိုးတာကို ကုသပေး

ခံတွင်း အနံ့ဆိုးတယ်ဆိုတာက သွားကြားထဲနဲ့ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေပေါက်ပွားနေတာကြောင့်ပါ။ နံနံပင်ကို ဝါးစားရင် ခံတွင်းအနံ့ဆိုးတာကိုသက်သာ ပျောက်ကင်းစေပါတယ်။

အစာခြေစနစ်ကို အားကောင်းစေ

တရုတ်နံနံပင်မှာ ရေဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ ဒီဓာတ်တွေက အစာခြေစနစ်ကို အားကောင်းစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေး

တရုတ်နံနံပင်မှာ မဂ္ဂနီဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် အာရုံကြောစနစ်ကို သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုကို လျော့ချပေးပါတယ်။ တရုတ်နံနံပင်ကို အိပ်ရာမဝင်ခင်စားပေးရင် ကောင်းမွန်တဲ့ အိပ်စက်မှုကို ရရှိမှာပါ။