လူတော်တော်များများက တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ အရေပြားဆိုင်ရာ ပြသနာတချို့ကို ကြုံတွေ့ကြရပါတယ်။ ဆယ်ကျော်သက်အရွယ်မှာပဲ ဖြစ်ဖြစ်၊ အရွယ်ရောက်တဲ့သူတွေမှာဘဲ ဖြစ်ဖြစ် အရေပြားဆိုင်ရာ ပြသနာတွေရှိကြပြီး ကိုယ့်ရဲ့ အရေပြားကို သန့်ရှင်းအောင်နဲ့ အပြစ်အနာဆာ မရှိအောင် ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူလှတဲ့ အရာတော့မဟုတ်ပါဘူး။

Youtube မှာ အလှအပနဲ့ပတ်သတ်ပြီး နည်းလမ်းကောင်းလေးတွေ တင်ပေးလို့ နာမည်ကြီးနေတဲ့ အလက်ဇန္ဒားကတော့ Alexandra ဆားဝက်ခြံတွေ ဖယ်ရှားနိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်းတစ်ခုကို လွှတ်တင်ခဲ့ပြန်ပါပြီ။

the-woman-took-her-toothbrush-and-scrubbed-her-nose-until-this-result-came-out-e1481933104581
ဘာတွေလိုမလဲဆိုတော့….

  • သန့်ရှင်းပြီး အသုံးမပြုရသေးတဲ့ သွားတိုက်တံတစ်ချောင်း

toothbrushes1

  • သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း ၁ဇွန်း

toothpaste7

  • မုန့်ဖုတ် ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

baking-powder

  • ရေနွေးအနည်းငယ်

5-benefits-of-drinking-warm-water-on-an-empty-stomach2

အရေပြားကို သန့်ရှင်းပါ

wet-the-towel

ပထမဆုံး မျက်နှာသစ်လိုက်ပြီး တဘက် သန့်သန့်လေးတစ်ထည်ကို ရေနွေးထဲမှာ စိမ်လိုက်ပြီး ဆားဝက်ခြံတွေ ရှိတဲ့နေရာတစ်ဝက်ကို တဘက်နဲ့ ကပ်ပါ။ ဆားဝက်ခြံ အပေါက်လေးတွေ ထွက်လာပါလိမ့်မယ်။ ေ

ရောစပ်ပါ

images

မုန့်ဖုတ် ပေါင်ဒါရယ်၊ ရေ နဲ့ သွားတိုက်ဆေး တချို့ကို ပန်းကန် တစ်ခုထဲထည့်ပြီး ရောမွှေလိုက်ပါ။ သုတ်လိမ်းပါ အဲ့ဒီ ရောစပ်ထားတဲ့ အရာကို ဆားဝက်ခြံရှိတဲ့ နေရာမှာ လိမ်းပေးပါ။

သွားတိုက်တံ

coconut-toothpaste

သွားတိုက်တံနဲ့ နှာခေါင်းပေါ်မှာလိမ်းထားတဲ့ အရာကို ညှင်ညှင်သာသာလေး ပွတ်ပေးပါ။ သွားတိုက်တံက သန့်ရှင်းနေဖို့ လိုပါတယ်။

မျက်နှာသုတ်ပုဝါနဲ့ သုတ်လိုက်ပါ

woman_dry_face_towel_300x300_istock

သွားတိုက်တံနဲ့ သေချာလေး သုတ်လိမ်းပေးပြီးရင် ၁မိနစ်လောက် ထားလိုက်ပါ။ အဲဒီနောက် မျက်နှာသုတ်ပဝါနဲ့ ညင်ညင်သာသာလေး ပြန်သုတ်လိုက်ပါ။ အဲ့ဒီအချိန်မှာ ကိုယ့်အရေပြားက အရမ်းနုနေတဲ့အတွက် ညင်ညင်သာသာလေးပဲ သုတ်ပါ။

ဆေးကြောခြင်း

ရေနွေးနဲ့ ကျန်တဲ့ ဆေးရည်တွေကို ဆေးချလိုက်ပါ။ အံ့သြစရာကောင်းလိုက်အောင် ကိုယ့်အရေပြားက သန့်ရှင်းသွားတာ တွေ့ရပါလိမ့်မယ်။ အဆင့်တစ်ဆင့်ချင်းစီ သေချာကြည့်ချင်တယ်ဆိုရင်တော့ ဒီ link ကနေ ကြည့်လို့ရပါတယ်။