နှလုံးရောဂါက အမေရိကန်ပြည်ထောင်စုမှာဆိုရင် အဖြစ်အများဆုံး ရောဂါထဲမှာပါဝင်ပါတယ်။ နှလုံးရောဂါနဲ့ သေတဲ့လူဦးရေက ကင်ဆာရောဂါမျိုးစုံနဲ့ သေဆုံးမှုထက်ပိုများပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးကောင်းဖို့ လုပ်ဆောင်သင့်တဲ့အချက်များကို ဝေမျှချင်ပါတယ်။
အစာစားချိန် ပုံမှန်စားပါ
နှလုံးကျန်းမာရေးအတွက် အာဟာရပြည့်စုံလုံလောက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အစာကို ပုံမှန်စားဖို့အရေးကြီးပါတယ်။
နေ့စဉ်မှတ်တမ်း ဒိုင်ယာရီ ရေးပါ
စိတ်ပိုင်းဆိုင်ရာခံစားချက်တွေက နှလုံးရောဂါကို ဖြစ်စေတာကြောင့် ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ မွန်းကျပ်နေတဲ့ ခံစားချက်တွေကို ဒိုင်ယာရီရေးပြီး ဖောက်ထုတ်ကြည့်ပါ။
ညတိုင်း တစ်နေ့ ၈ နာရီ အိပ်ပါ
ညအိပ်ချိန်မလုံလောက်ရင် သွေးတိုးစေတတ်ပြီး ဒါက နှလုံးရောဂါကို ဖြစ်စေပါတယ်။
အားကစား ပြင်းပြင်းထန်ထန်လုပ်ပါ
တရားထိုင်ပါ
လှေကား တက်ပါ
လှေကား တက်လေလေ နှလုံးခုန်နှုန်းမြန်လေလေဖြစ်တာကြောင့် နှလုံကျန်းမာရေးအတွက်လည်း ကောင်းပြီး ကိုယ်အလေးချိန်လည်း ကျစေပါတယ်။
ဗိုက်ဆာမှ အစားစားပါ
ရယ်စရာ တစ်ခုခု ရှာပြီး ရယ်ပါ
ရေများများ သောက်ပါ
ဘယ်ရီသီးတွေကို နေ့တိုင်းစားပါ
တုပ်ကွေးကာကွယ်ဆေး နှစ်စဉ်ထိုးပါ
ကိုယ်ချစ်ခင် နှစ်သက်သူတွေအတွက် အချိန်ပေးပါ
ဗီတာမင် D ဓာတ်ပါဝင်တဲ့ အစားအစာ များများစားပါ
ဆေးလိပ် မသောက်ပါနဲ့။
အပြင်ထွက်ပြီး သဘာ၀ အလှအပ ခံစားပါ
အရက်ကို အနည်းငယ်သာ သောက်ပါ။
အမည်းရောင် ချောကလပ်စားပါ။
သွေးဖိအားကို အမြဲလိုလို ချိန်ပေးပါ၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပါ။