ကိုယ်ခံအားစနစ်ကောင်းလေလေ၊ ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေနဲ့ ပိုးမွှားတွေရောက်နိုင်စွမ်းနည်းလာတာကြောင့် ကျန်းမာတဲ့ဘဝကို ရရှိနိုင်ပါတယ်။

တခါတလေ ကိုယ်သတိမထားမိဘဲ လုပ်လိုက်တဲ့မိတဲ့ အကျင့်တွေ အမှားတွေကြောင့် ကိုယ်ခံအားစနစ်ကို ထိခိုက်သွားနိုင်ပါတယ်။

သကြားအများကြီးစားခြင်း

သကြားက ကိုယ်ခံအားစနစ်ရဲ့ ပိုးမွှားတိုက်ခိုက်နိုင်မှုရဲ့ ၄၀ ရာခိုင်နှုန်းကို ထိခိုက်စေပါတယ်။ သကြားကို စားပြီးပြီးခြင်း ၅ မိနစ်လောက်ကတည်းက သကြားက ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိပြီး ဒီသက်ရောက်မှုက ၅ နာရီလောက်အထိ ကြာမြင့်ပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကိုမြှင့်တင်ပေးတာကြောင့်သကြားစားသုံးတာများရင် ဗီတာမင် C ကိုပါတွဲစားသုံးသင့်ပါတယ်။

အရက်သေစာ သောက်သုံးခြင်း

အရက်က ကျန်းမာရေးအတွက် ဆိုးကျိုးတွေအများကြီးရှိပါတယ်။ အရက်သောက်တာများလာရင် ပရိုတင်းလိုမျိုး Tumor Necrosis Factors (TNF) က သွေးဖြူဥဆဲလ်တွေကိုယူထားလိုက်ပြီး သွေးဖြူဥဆဲလ်တွေနည်းလာကာ ကိုယ်ခံအားစနစ်ကို ထိခိုက်စေပါတယ်။

ပိုးသတ်ဆေး ဆေးတွေအလွန်အကျွံသောက်သုံးခြင်း

အပြင်းအထန် ရောဂါပိုးမွှားဝင်ရောက်မှုကို တိုက်ဖျက်နိုင်ဖို့ ပိုးသတ်ဆေးတွေအသုံးပြုကြပါတယ်။ ပိုးသတ်ဆေးတွေက ထိရောက်ပေမယ့် အလွန်အကျွံသောက်သုံးရင် ကိုယ်ခံအားနည်းလာတတ်ပါတယ်။ သုတေသနတစ်ခုအရ ပိုးသတ်ဆေးသုံးစွဲတာများတဲ့သူဟာ ကိုယ်ခံအားနည်းလာပြီး မကြာခဏ ဖျားနာတတ်ပါတယ်။