မိုက်ခရိုဝေ့က အိမ်တိုင်းမှာရှိနေတဲ့ ဟင်းချက်၊ ဟင်းနွေးတဲ့ ပစ္စည်းတစ်မျိုးဖြစ်နေပါပြီ။ ဒါကြောင့် မိုက်ခရိုဝေ့ (Microwave) ထဲ လုံး၀ မထည့်သင့်တဲ့ အစားအစာများအကြောင်းကို ဝေမျှချင်ပါတယ်။

အသီးများ

ပန်းသီး သို့ ငှက်ပျောသီးတို့ကို မိုက်ခရိုဝေ့ထဲထည့်လိုက်ရင် သူတို့ရဲ့ အရသာရော၊ အရောင်တွေပါ ပျက်စီးသွားပါတယ်။

စပျစ်သီးဆို ပေါက်ထွက်သွားနိုင်သလို အသီးခြောက်တွေဆို လောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါကြောင့် ဘာအသီးမှ မိုက်ခရိုဝေ့ (Microwave) ထဲ မထည့်သင့်ပါဘူး။

အစားအသောက်ထည့်တဲ့ Box များ

အခုနောက်ပိုင်း ခေါက်ဆွဲအော်ဒါမှာရင် ထည့်ပေးတဲ့ Take-Away Box လေးတွေကို မိုခရိုဝေ့ထဲ သွားထည့်ရင် မီးလောင်သွားပါလိမ့်မယ်။

ဒါကြောင့် အစားအစာကို မိုက်ခရိုဝေ့ထဲထည့်လို့ရတဲ့ ပန်းကန်ထဲထည့်ပြီးမှ နွေးသင့်ပါတယ်။

အလူမီနီယံ Aluminium Foil

သတ္တု၊ အလူမီနီယံတွေ၊ သံတွေက မိုက်ခရိုဝေ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေပါ။ ဒါကြောင့် ဘယ်သတ္တုမှ ထည့်လို့ မရပါဘူး။

ပလပ်စတစ်

အပူပေးခြင်းခံရတဲ့ ပလပ်စတစ် ၉၅ ရာခိုင်နှုန်းက ဓာတု ဓာတ်ပစ္စည်းတွေ လွှတ်ထုတ်နိုင်ပါတယ်။ ဒါကြောင့် Microwave Safe လို့စာတမ်းပါတဲ့ ပလပ်စတစ်ဗူးတွေကလွဲရင် ဘယ်ပလပ်စတစ်ဗူးမှ မထည့်သင့်ပါဘူး။

ကြက်ဥ

ကြက်ဥကို မိုက်ခရိုဝေ့ထဲထည့်ပြီး ချက်မယ်ဆိုရင် ထိပ်မှာ အပေါက်ဖောက်ထားပေးပါ။ မဟုတ်ရင် ကြက်ဥက အရမ်းပူလာပြီး ပေါက်ကွဲသွားပါလိမ့်မယ်။ အပေါက်ဖောက်ထားမှ အငွေ့ထွက်မယ့် အပေါက်ရလာပြီး ကြက်ဥကွဲမထွက်မှာဖြစ်ပါတယ်။