ကိုလက်စထရော က Fatty အက်ဆစ်တစ်မျိုးဖြစ်ပြီး အသည်းက ထုတ်လုပ်လေ့ရှိပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအတွက် အကျိုးရှိပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရောတွေများလာရင် ကျန်းမာရေးဆိုးကျိုးတွေအများကြီးဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ကိုလက်စထရောပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးပြီးနောက်ပြုလုပ်သင့်တာတွေကို ဝေမျှချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

အဆီဓာတ်ဝါ၀င်တဲ့ အစားအစာများ ကို စားသုံးပြီးရင် လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆောင်သင့်ပါတယ်။ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် မလုပ်နိုင်ရင်တောင်မှ လမ်းလျှောက်သင့်ပါတယ်။ ဒါက ကယ်လိုရီတွေကို လောင်ကျွမ်းရာမှာ ကူညီပေးပါတယ်။

ရေနွေးနွေးလေးသောက်ပါ

တစ်နေ့ကို ရေ ၂ ခွက် နွေးနွေးလေးသောက်ပါ။ ဒါက အဆီဓာတ်များတဲ့ အစားအစာတွေကို ချေဖျက်ရလွယ်ပါတယ်။ ရေနွေးက အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းတွေကို ကျန်းမာစေပြီး ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

အစာစားပြီးပြီးခြင်း မအိပ်ပါနဲ့

အစာစားပြီးချိန်နဲ့ အိပ်တဲ့အချိန်ကို ၂ နာရီ သို့ ၃ နာရီလောက်ခြားပါ။ ချက်ခြင်း အစာစားပြီး အိပ်တယ်ဆိုရင် အစာကောင်းမွန်စွာခြေဖို့ စွမ်းအင်တွေ မထွက်တော့ဘဲ ခန္ဓာကိုယ်မှာ အဆီတွေအဖြစ် သိုလှောင်ထားမှာပါ။

အဆီဓာတ်များတဲ့ အစားအစာတွေ စားသုံးပြီးရင် အအေးဓာတ်ပါတဲ့ အရည်တွေ မသောက်သုံးပါနဲ့

အဆီဓာတ်များတဲ့ အစားအစာတွေကို စားသုံးပြီးရင် ရေခဲမုန့် ၊ ရေခဲရေ၊ အချိုရည်စတာတွေ မသောက်ပါနဲ့။

ဒါတွေက အသည်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် မကောင်းပါဘူး။

ပျားရည်

အဆီဓာတ်များတဲ့ အစားအစာတွေကို စားသုံးပြီးရင် ပျားရည်ကို သောက်ပေးရင် အဆီဓာတ်များတဲ့ အစားအစာတွေကို အလွယ်တကူ ချေဖျက်နိုင်အောင် ကူညီပေးပါတယ်။