ဒီလို ဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေဖို့ မလိုပါဘူး။ ဒါက လူတွေဖြစ်လေ့ဖြစ်ထရှိတာမျိုးပါပဲ။

Gym ကိုတစ်ရက်မသွားမိတာ၊ ကယ်လိုရီများတဲ့ အစားအစာတွေ စားလိုက်မိတာတွေက ဘာမှမဖြစ်ပါဘူး။

အရေးကြီးတာက “ချော်လဲရင်ပြန်ထ၊ လမ်းကြောင်းပေါ်ပြန်တက်ပြေး” ဆိုတဲ့ စကားလိုပါပဲ။

ကိုယ့်ကိုယ်ကို ပြောပါ။ “ငါက အကောင်းဆုံးမဖြစ်နိုင်ဘူးဆိုတာ လက်ခံတယ်။ ငါ တတ်နိုင်သမျှတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်မယ်။”

အကြီးကြီး မမျှော်လင့်ပါနဲ့။ အသေးလေးကနေ ပြန်လည်စတင်ပါ။

မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ရမှာကို မလုပ်ဘဲအိပ်ပျော်သွားရင်

ကိုယ့်ကိုယ်ကို ပြန်မေးပါ။ “ နောက်တစ်ခါ အဲ့လို မဖြစ်အောင် ဘယ်လိုလုပ်မလဲ”

ဒါက စိတ်မပျက်သွားအောင် ကိုယ့်ကိုယ်ကို တွန်းအားပြန်ပေးတာပါပဲ။ မနက်ဖြန်မနက်ထဖို့အတွက် နှိုးစက်တွေကို ၂ခါ၊ ၃ခါ အပိုထပ်ပေးပါ။

တစ်ခါလောက် အိပ်ပျော်သွားတာက ကိုယ့်အတွက်အရမ်းမထိခိုက်ပါဘူး။ (အမြဲမဟုတ်ရင်ပေါ့)။ ညနေဘက် အလုပ်က ပြန်လာပြီးတဲ့အချိန်မှာ ခဏလောက်ပြေးလိုက်မလား စဉ်းစားကြည့်ပါ။

အရက်တွေ အလွန်အကျွံသောက်မိသွားရင်

သတိရပါ။ “ကိုယ်က ဒီလိုလူမျိးမဟုတ်ဘူး၊ ကိုယ်ဘယ်လို လူမျိုးဖြစ်ချင်သလဲဆိုတာ ပြန်တွေးပါ။”

အကျင့်ဟောင်းတွေကို တစ်ညတည်းနဲ့ဖျက်လိုက်လို့မရပါဘူး။ တဖြည်းဖြည်းပြင်သွားမှ ရမှာပါ။

တိုးတက်မှုတွေ မခံစားရရင်

အများအားဖြင့် လူတွေက နှစ်ပေါင်းများစွာ ကြိုက်သလို စားသောက်လာတဲ့ခန္ဓာကိုယ်ကို ရက်ပိုင်း၊ လပိုင်းအတွင်း လှပချင်ကြပါတယ်။

ဒါ့ကြောင့် လေ့ကျင့်ခန်းစလုပ်တဲ့အချိန်မှာ ကိုယ်အလေးချိန်ကျပြီး ချက်ခြင်းလှပလာမှာတော့မဟုတ်ပေမယ့် သင့်ကို လန်းဆန်းတက်ကြွအောင်၊ စိတ်ဖိစီးမှုကင်ေးအာင် ပြုလုပ်ပေးနိုင်ပါတယ်။