“သင့်မျက်လုံးက သင့်စိတ်ရဲ့ ပြတင်းပေါက်ဘဲ” ဆိုတဲ့ ဆိုရိုးရှိပါတယ်။ မျက်လုံးက သင့်စိတ်တင်မကဘဲ သင့် ကျန်းမာရေးကိုပါ ဖော်ပြနိုင်ပါတယ်။
မျက်ခုံးမွှေးတွေပါးလာ
မျက်ခုံးမွှေးတွေပါးလာရတဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ အသက်ကြီးလာလို့၊ စိတ်ဖိစီးမှု နဲ့ အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်ပါတယ်။
လည်ပင်ကြီးရောဂါ သွိုင်းရွိုက်ဖြစ်နေရင်လည်း မျက်ခုံးမွှေးတွေပါးလာတတ်ပါတယ်။ သွိုင်းရွိုက် (Thyroid) ထဲမှာ Hypothyroidism နဲ့ Hyperthyroidism ဆိုပြီး ၂ မျိုးရှိပါတယ်။ Hypothyroidism က ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေကို နှေးစေပြီး မျက်ခုံးမွှေးတို့ ဆံပင်တို့ကို ပါးစေပါတယ်။ ဒါကြောင့် ဒီလို လက္ခဏာတွေခံစားနေရရင် ဆရာဝန်နဲ့ ပြသပါ။
အမြင်မှုန်ဝါးခြင်း
အခုနောက်ပိုင်း အလုပ်လုပ်ရာမှာ ကွန်ပျုတာကိုနာရီပေါင်းများစွာ ကြည့်ရတတ်ပါတယ်။ လင်းနေတဲ့ ကွန်ပျုတာစခရင်ကို နာရီပေါင်းများစွာကြည့်ရတာကြောင့် မျက်စိအမြင်တွေဝါးတာတွေဖြစ်တတ်ပါတယ်။
ကွန်ပျုတာ၊ tablet နဲ့ စမတ်ဖုန်းတွေကြည့်တာများပြီး မျက်လုံးတွေ ေ၀ဝါးနေတဲ့ရောဂါကို “Digital Eye Strain” လို့ခေါ်ပါတယ်။
ဒီလိုအခြေအနေမျိုး ကြုံတွေ့နေရရင် ဆရာဝန်ကို အမြန်ဆုံးပြသပေးပါ။
အမြင်၂ထပ်ထပ်တာတွေ
ကိုယ့်အမြင်အာရုံတွေပြောင်းလဲလာပြီဆိုရင် ဆရာဝန်နဲ့ပြသသင့်ပါတယ်။ အမြင်နှစ်ထပ်ထပ်တာတွေ ဆိုရင် လေဖြတ်တာမျိုးဖြစ်တတ်ပါတယ်။
မျက်လုံးမှာ အဝါရောင်သန်းနေရင်
မျက်လုံးမှာ အဝါရောင်သန်းနေတာမျိုးက သိသာပါတယ်။ သင့်မျက်စိအဖြူရောင်သားနဲ့ အရေပြားတွေ တဖြည်းဖြည်းဝါနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် အသည်းပြဿနာနဲ့ သည်းခြေနဲ့ပတ်သက်တဲ့ ရောဂါတွေရှိနေနိုင်တာကြောင့် ဆရာဝန်နဲ့ပြသသင့်ပါတယ်။