အသားအရေကြည်လင်ပြီး လှပလာဖို့အတွက် အသားဖြူဆေးတွေသောက်တာမျိုး၊ အသားဖြူအောင်လိမ်းတာမျိုးတွေ လုပ်မယ့်အစား သဘာဝနည်းလမ်းလေးတွေကို သုံးတာက ပိုပြီးကောင်းပါတယ်။ အခုပြောပြပေးမယ့် သဘာဝဖျော်ရည်တွေကိုဆိုရင် အသားအရေလှလာစေမယ့်အပြင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ အရွယ်တင်ပြီးတော့လည်း နုပျိုစေပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ပြီး နုပျိုလှပလာစေဖို့ မနက်တိုင်းသောက်ပေးသင့်တဲ့ သဘာဝဖျော်ရည် ၇ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ဒီဖျော်ရည်တွေကို ဖျော်တဲ့အခါမှာ သကြားလုံးဝမထည့်ပဲ ပျားရည်လေးနည်းနည်းနဲ့ သံပုရာရည်လေးနည်းနည်း ညှစ်ထည့်တာမျိုးပဲ လုပ်ပေးပါ။ သဘာဝအတိုင်းသောက်မှ အာနိသင်ပိုရှိတာပါ။ မနက်အိပ်ယာနိုးတိုင်းမှာ တစ်နေ့တစ်ခွက် သောက်ပေးရပါမယ်။

မုန်လာဥနီဖျော်ရည်

သခွားသီးဖျော်ရည်

ခရမ်းချဉ်သီးဖျော်ရည်

ဟင်းနုနွယ်ဖျော်ရည်

သင်္ဘောသီးဖျော်ရည်

ရှားစောင်းလက်ပတ်ဖျော်ရည်

ပန်းသီးဖျော်ရည်

photo source: www.freepik.com