ဝလည်းမဝချင်ဘူး၊ Diet လည်းမလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် Diet မလုပ်ပဲ ပုံမှန်အစားအသောက်နဲ့ ခန္ဓာကိုယ်ကို ထိန်းထားနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အစားစာတဲ့အခါမှာ မြန်မြန်မစားပါနဲ့။ မြန်မြန်စားရင် အစာပိုဝင်တဲ့အတွက် ဝိတ်တက်လာပါလိမ့်မယ်။ ဖြေးဖြေးချင်းစီစားပါ။ ရေများများသောက်ပါ။

ရေများများသောက်ပါ။ ပုံမှန်ထက်ရေပိုသောက်ပါ။ ရေကို ခဏခဏသောက်ရင် ဗိုက်တင်းတဲ့အတွက် ဗိုက်ခဏခဏဆာတာမျိုး ဖြစ်မှာမဟုတ်တော့ပါဘူး။

သကြားဓာတ်ပါတဲ့ Sugar Drink တွေကို မသောက်ပါနဲ့။ သဘာဝအသီးဖျော်ရည်တွေပဲ များများသောက်ပါ။ အချိုတွေကို အရမ်းမစားပါနဲ့။

တစ်နေ့ကို ကြက်ဥ ၂ လုံးစားပါ။ ကြက်ဥက အဆီမတက်စေပါဘူး။ အသားတက်စေတာပါ။ ပိန်ချင်တဲ့သူကတော့ ကြက်ဥပြုတ်စားရင် အနှစ်ကိုဖယ်ပြီး အကာပဲစားပါ။

ပီကေဆောင်ထားပါ။ ဗိုက်ဆာတိုင်း ထမစားပါနဲ့။ အချိုဓာတ်ဝင်သွားရင် အစာပြေပါတယ်။ ဒါကြောင့် ဗိုက်နည်းနည်းဆာရင် ပီကေလေးဝါးပေးပါ။

Source: www.brightside.me