Muscle ထွက်ချင်တဲ့သူတွေနဲ့ ဝိတ်တက်ချင်တဲ့သူတွေ ပုံမှန်စားပေးရမယ့်အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။

Soy Protein မသောက်ပါနဲ့။ နွားနို့သောက်ပါ။ နွားနို့ကို တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးပါ။

ထောပတ်သီးစားပါ။ ထောပတ်သီးက Muscle ထွက်ဖို့ အားပေးတဲ့အသီးဖြစ်သလို၊ ထောပတ်သီးကို ပေါင်မုန့်နဲ့ညှပ်ပြီး အသားညှပ်ပေါင်မုန့်လုပ်စားတာကလည်း ဝိတ်တက်စေပါတယ်။

အနီရောင်အသားတွေက ဝိတ်တက်စေပြီး Muscle ထွက်စေပါတယ်။ ဝိတ်တက်တာနဲ့ အဆီတက်တာ မတူပါဘူး။ ဒါက အသားဖြစ်ပြီး ဝိတ်တက်စေတာပါ။

အာလူးကြော်နဲ့ ဆီကြော်မုန့်တွေစားမယ့်အစား အမဲသားခြောက်ကို စားပေးပါ။ ဝိတ်လည်းတက်၊ Muscle လည်း ထွက်စေပါတယ်။

တို့ဟူးစားပေးခြင်းကလည်း Muscle ထွက်စေတယ်၊ ဝိတ်လည်းတက်စေပါတယ်။

Salmon နဲ့ oily fish တွေကလည်း ဝိတ်တက်လာစေဖို့ အထောက်အကူဖြစ်သလို Muscle ထွက်လာစေဖို့လည်း အထောက်အကူဖြစ်ပါတယ်။

ကြက်ဥနဲ့ ကြက်ဥအနှစ်က ဝိတ်တက်စေတယ်၊ အသားတက်စေမယ်။ Muscle ထွက်စေပါတယ်။

ထမင်းဖြူကိုလျော့စားပြီး ဆန်လုံးညိုကို ပိုစားပါ။ ဆန်လုံးညိုက ပိုပြီးအသားတက်စေတယ်။ Muscle ထွက်စေပါတယ်။

ပဲအမျိုးမျိုးစားပါ။ အသားတက်ပြီး Muscle ထွက်စေပါတယ်။

ကြက်သားကလည်း ပရိုတင်းဓာတ်ကြွယ်ဝတဲ့အတွက် အသားတက်ပြီး Muscle ထွက်စေပါတယ်။

nuts နဲ့ nut butter တွေကလည်း အသားတက်ပြီး Muscle ထွက်စေတဲ့အတွက် ပေါင်မုန့်လေးနဲ့ သုတ်စားပါ။ သစ်သီးခြောက်တွေလည်း များများစားပေးပါ။

Source: www.brightside.me