အရိုးအဆစ်နာတာတွေကို သက်သာစေတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအသောက်တွေစားလို့ အရိုးအဆစ်နာတာက ယူပစ်လိုက်သလို ပျောက်သွားမှာ မဟုတ်ပေမယ့် များများစားပေးရင် သက်သာလာမှာပါ။

စပျစ်သီး၊ လိမ္မော်သီး၊ ရှောက်သီး၊ ချယ်ရီသီး စတာတွေက ဗီတာမင်ဓာတ်တွေများစွာပါဝင်လို့ များများစားပေးပါ။

ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပိစပ်၊ ပဲနီစေ့ စတာတွေက အမျှင်ဓာတ်တွေပါဝင်ပြီး ကျန်းမာရေးအတွက်လည်း အရမ်းကောင်းပြီး အရိုးအဆစ်နာတာကို သက်သာစေပါတယ်။

ဂျင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ Green Tea စတာတွေက အရိုးအဆစ်အတွက်တင်မဟုတ်ပဲ ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။

ငါးအမျိုးမျိုး၊ ဂျုံနဲ့လုပ်ထားတဲ့အစားအစာ၊ သစ်ကြားသီး စတာတွေက အားရှိပြီး ကျန်းမာစေသလို အရိုးအဆစ်နာကျင်တာတွေကိုလည်း သက်သာလာစေပါတယ်။

Source: www.brightside.me