ရုံးပတေသီးကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ Okra လို့ ခေါ်ကြပြီး တချို့ နိုင်ငံတွေမှာတော့ Lady Finger လို့ လူသိများကြပါတယ်။
နိုင်ငံတော်တော်များများရဲ့ဟင်းလျာတွေထဲမှာ ရုံးပတေသီးကို ကျန်းမာရေးနဲ့အတွက် ကောင်းမွန်တာကြောင့် ထည့်သွင်းချက်လေ့ရှိပါတယ်။
ရုံးပတေသီးမှာ အာဟာရတွေ အများကြီးပါဝင်နေပါတယ်။ ရုံးပတေသီး ၁ ခွက်စာမှာ မဂ္ဂနီဆီယမ်ဓာတ် 60 Milligrams၊ ဖော်လစ် 80 Micrograms၊ ကယ်လိုရီ 30၊ ဗီတာမင်စီ 21 Milligrams ၊ ကာဗိုဟိုက်ဒရိတ် 7.6 g ၊ အမျှင်ဓာတ် 3 g၊ ပရိုတင်းဓာတ် 2 g တို့ ပါဝင်ပါတယ်။
ရုံးပတေသီးက ၁၂ လရာသီလုံး ရရှိနိုင်ပြီး ပြုတ်၊ ဖုတ်၊ ဟင်းချက်စားစား စားလို့ရပါတယ်။
ကျန်းမာရေး အကျိုးကျေးဇူး
- ပန်းနာရင်ကျပ် ရောဂါကို သက်သာစေ
- သွေးအတွင်း သကြားဓာတ်ကို ကျစေ
- ဆီးချိုကို ကာကွယ်ပေး
- ကိုလက်စထရောဓာတ်ကို ကျစေ
- ကျောက်ကပ်ရောဂါတွေကို ကာကွယ်ပေး
ရုံးပတေသီး ဖျော်ရည်
ပါဝင်ပစ္စည်းများ
- ရေ တစ်ခွက်စာ
- ရုံးပတေသီး ၄ တောင့်
ပြုလုပ်နည်း
ရုံးပတေသီးရဲ့ ထိပ်ပိုင်းနဲ့ခေါင်းပိုင်းကို ဖြတ်ပြီး ရေထဲမှာ တစ်ညလောက် စိမ်ထားပါ။ ရုံးပတေသီးတွေကို ဆယ်ယူပြီး အရည်တွေ ညှစ်ချကာ သောက်သုံးနိုင်ပါတယ်။
မနက်မိုးလင်း ဘာမှမစားခင်မှာ အဲ့ဒီအရည်ကို သောက်ပါ။ မနက်စာ မစားခင် အနည်းဆုံး မိနစ် ၃၀ အကွာမှာသောက်ပါ။