မနက်စာက တစ်နေ့လုံး စတင်လှုပ်ရှားနိုင်ဖို့ စွမ်းအင်တွေ ပေးစွမ်းနိုင်ပါတယ်။ တစ်နေ့တာ လှုပ်ရှားမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို မနက်စာက လွှမ်းမိုးပေးနိုင်ပါတယ်။

တရုတ်

တရုတ်နိုင်ငံမှာတော့ ဆန်ခေါက်ဆွဲ သို့ ဆန်ပြုတ်၊ ဖက်ထုပ်၊ အကြော်အလှော်တချို့ကို စားသုံးကြပါတယ်။

အီရန်

အီရန်နိုင်ငံမှာပေါင်မုန့်လိုပုံစံမျိုး ပါးလွှာတဲ့ Lavash Bread ကို ကြက်ဥကြော်လိုပုံစံမျိုးဖြစ်တဲ့ “Kuku Sabzi” နဲ့ စားကြတာများပါတယ်။

ပြင်သစ်

လက်ဖက်ရည် သို့မဟုတ် ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်ချောင်း သို့မဟုတ် အသားညှပ်ပေါင်မုန့် စားကြပါတယ်။

ဂျပန်

ဂျပန်မှာ ပုံမှန်အားဖြင့်တော့ ဆန်၊ Miso Soup၊ ရေညှိရယ် စသည်တို့ကို စားလေ့ရှိပါတယ်။ တချို့ကလည်း အနောက်တိုင်းဆန်ဆန် ကော်ဖီ၊ ထောပတ်၊ ကြက်ဥ၊ ပေါင်မုန့် နဲ့ အာလူး Salad တို့ကို စားပါတယ်။

ပိုလန်

ကြက်ဥမွှေကြော်ကို ပေါင်မုန့်နဲ့ စားကြပါတယ်။

အီတလီ

ပေါင်မုန့်ကို ယိုနဲ့သုတ်စားပြီး ကော်ဖီသို့ လက်ဖက်ရည်သောက်ကြပါတယ်။

အိန္ဒိယတောင်ပိုင်း

အိန္ဒိယတောင်ပိုင်းကတော့ ဆန် သို့မဟုတ် ဂျုံကနေ လုပ်ထားတဲ့ မုန့် Dosa ကို အနှစ်တွေနဲ့ တွဲစားကြပါတယ်။

ကိုလမ်ဘီယာ

ကိုလမ်ဘီယာမှာတော့ ကြက်ဥ၊ နွားနို့ နဲ့ ချိစ်တို့ကို ပေါင်းပြီး ဟင်းချိုလုပ်သောက်ကြပါတယ်။

တူရကီ

တူရကီရဲ့ မနက်စာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ချီစ်၊ အသီးအနှံ၊ ယို၊ ကြက်ဥ၊ ကော်ဖီ သို့လက်ဖက်ရည်တို့ ပါဝင်ပါတယ်။