နနွင်းဆိုတာဟာ Curcuma ဆိုတဲ့အပင်ရဲ့ပင်စည်ကနေ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအပင်က ဂျင်းမျိုးနွယ်ဝင် အပင်ဖြစ်ပါတယ်။

အရှေ့တိုင်း အစားအစာတွေထဲမှာ အထူးသဖြင့် အိန္ဒိယ ဟင်းလျာတွေထဲမှာ နနွင်းကိုထည့်ပြီး နေ့တိုင်း စားသောက်ကြပါတယ်။ အရင်တုန်းကဆိုရင် နနွင်းကို အင်္ကျီ အရောင်ဆိုးဖို့တောင် သုံးကြပါတယ်။

နနွင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကတော့ အံ့မခန်းပါပဲ။ နနွင်းကို နေ့စဉ်စားပေးရင် ရရှိလာမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

shutterstock_233859859-e1454361899266

ရောင်ရမ်းတာတွေကို ကာကွယ်ပေး

နနွင်းမှာ အရောင်ကျစေတဲ့ ဓာတ်ပါဝင်တာကြောင့် ကိုယ်က ခြေလက် ရောင်တတ်သူဖြစ်ရင် နနွင်းကို နေ့စဉ်စားပေးသင့်ပါတယ်။ Curcumin အပင်မှာပါဝင်တဲ့ ကွန်ပေါင်းတွေက ရောင်ရမ်းတာတွေကို သက်သာစေပြီး ခန္ဓာကိုယ်အတွင်းက ရောင်ရမ်းတာတွေ၊ လေးဖက်နာတို့ ဂေါက်တို့ကိုလည်း သက်သာနိုင်ပါတယ်။

shutterstock_277872335-e1454362001537

ဦးနှောက်ကျန်းမာရေးအတွက် ကောင်းမွန်

နနွင်းမှာပါဝင်တဲ့ ကွန်ပေါင်းတွေက ဦးနှောက်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ကူညီပေးပါတယ်။ ဒါကြောင့် အယ်ဇိုင်းမားရောဂါတို့ကိုလည်း ကာကွယ်ပေးပါတယ်။ အယ်ဇိုင်းမားရောဂါတွေက ဦးနှောက်ထဲမှာ BDNF (Brain-Derived Neurotrophic Factor) လျော့နည်းတာနဲ့ ဆက်စပ်နေတာကြောင့် နနွင်းက BDNF တွေ ပြန်တက်လာအောင် ကူညီပေးပါတယ်။

shutterstock_263913647-e1454362064614

ကင်ဆာဖြစ်ပွားနိုင်မှု အန္တရာယ်ကို လျော့ချပေး

နနွင်းမှာပါဝင်တဲ့ ဓာတ်က သွေးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ မျိုးဥပြွှန်ကင်ဆာ၊ လည်ပင်း ကင်ဆာ စတဲ့ ကင်ဆာများစွာကို ကာကွယ်နိုင်စွမ်းရှိတယ်ဆိုတာကိုတော့ တွေ့ရှိထားပါတယ်။

ဒါပေမယ့် တိတိကျကျ ဘယ်လောက်ပမာဏစားရင် ဘယ်ကာကွယ်နိုင်သလဲ၊ ကင်ဆာရောဂါတွေအတွက် ဘယ်လောက် စားသင့်သလဲဆိုတာကိုတော့ သုတေသနလုပ်နေတုန်းဖြစ်ပါတယ်။

shutterstock_312241361

အစာခြေစနစ်ကို ကောင်းမွန်စေ

နနွင်းက အစာအိမ်နဲ့ပတ်သက်တဲ့ ပြဿနာတွေဖြစ်တဲ့ အစာအိမ် အချဉ်ပေါက်တာ၊ အစာအိမ်အောင့်တာတွေကို သက်သာပျောက်ကင်းစေပါတယ်။ တစ်နေ့ကို နနွင်းအနည်းငယ်စားရင် ဒီရောဂါတွေကို သက်သာစေပါတယ်။

shutterstock_112082699-e1454362309173

နှလုံးကျန်းမာရေးအတွက် ကောင်းမွန်

နနွင်းက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ပါးအောင်ပြုလုပ်နိုင်ပြီး သွေးကြောထဲမှာ အနယ်ကျတာကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် နှလုံးသွေးကြောပိတ်တာကိုလည်း ကာကွယ်ပေးပါတယ်။