“တိုက်ပွဲဆိုတာ လက်နက်တိုက်တာမဟုတ်ဘူး။ ဗိုက်နဲ့တိုက်တာ” ဆိုတဲ့ စစ်ပွဲသုံးစကားတစ်ခွန်းကို ကြားဖူးမှာပါ။
အောင်မြင်ဖို့အတွက် အာဟာရမျှတ တဲ့ အစားအစာတွေလိုအပ်ပါတယ်။
ဒီအယူအဆကို ကမ္ဘာကျော်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Google တို့ Apple တို့က တကယ်ကို လက်တွေ့အသုံးချပါတယ်။
လုပ်သားအင်အားတွေ အပြည့်ရရှိဖို့ အကောင်းဆုံး စားသောက်ဆိုင်တွေကို ၀န်ထမ်းတွေအတွက် ဖွင့်ပေးထားပြီး အလကားစားသုံးလို့ရပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ Google ရုံးချုပ်က ၀န်ထမ်းတွေကို တစ်နေ့ ၃ နပ် အလကားကျွေးပါတယ်။
ထမင်းစားတဲ့နေရာကလည်း နယူးယောက်မြို့မှာရှိတဲ့ Manhattan ရပ်ကွက်တစ်ခုလုံးကို လှမ်းမြင်ရတဲ့ ရှုခင်းအရမ်းလှတဲ့နေရာလေးပါ။
အသင့်စား အစားအစာ၊ Snacks ၊ ဒိန်ချဉ်၊ သောက်သုံးစရာ အချိုရည်နဲ့ ကော်ဖီများစတဲ့ကြိုက်နှစ်သက်ရာကို Café Zones တွေမှာ သောက်လို့ရပါတယ်။
Apple
Apple ရဲ့ ရုံးချုပ်က ကယ်လီဖိုးနီးယား ပြည်နယ်မှာတည်ရှိပါတယ်။ Caffè Macs လို့ခေါ်ပြီး အရမ်းလှတဲ့နေရာလေးပါ။ ၀န်ထမ်းတွေကို အလကား ကျွေးပါတယ်။
Caffè Macs မှာ မက္ကဆီကန်၊ အီတာလီယျံ၊ ဂျပန်၊ စပိန်နဲ့ပြင်သစ် အစားအစာတွေ စားသုံးနိုင်ပါတယ်။
မနက်စာဆိုရင်လည်း French Toast၊ Chocolate Chip Pancakes ၊ အသီးဖျော်ရည်၊ ရေခဲမုန့်မျိုးစုံနဲ့ တခြား အချိုပွဲများစွာလည်း တည်ခင်းထားပါတယ်။
တစ်နေ့နဲ့ တစ်နေ့ မရိုးအောင် အစားအသောက် Menu တွေလည်း အမြဲပြောင်းပေးနေပါတယ်။
Facebook ရဲ့ ရုံးချုပ်က ကယ်လီဖိုးနီးယား ပြည်နယ်မှာ တည်ရှိပါတယ်။ Epic Café ဆိုတဲ့နေရာမှာ ၀န်ထမ်းတွေအတွက် တစ်နေ့ ၃ ကြိမ် အလကားကျွေးပါတယ်။
အများအားဖြင့် အမေရိကန်ပုံစံနဲ့ အာရှပုံစံ ဟင်းလျာတွေကိုကျွေးပါတယ်။ ဒါပေမယ့် ရုံးလာလည်တဲ့သူတွေအတွက်ကိုလည်း Discount ပေးပါတယ်။