နနွင်းကို မြန်မာနိုင်ငံအပါအဝင် အိန္ဒယနဲ့ တရုတ်နိုင်ငံတွေမှာ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အဓိကအသုံးပြုကြပါတယ်။ နနွင်းကို ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဓါတ်တွေပါဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်အဖြစ် လူသိများပါတယ်။

turmeric-roots-and-a-jar-of-turmeric-powder

ဒါ့ကြောင့်လည်း နနွင်းကို ဗိုက်ရစ်တာ၊ ဆီးထဲမှာသွေးပါတာ၊ အမျိုးသမီးဓမ္မတာမမှန်တာ၊ လေအောင့်တာ၊ ရင်ဘတ်အောင့်တာ ၊ အသားဝါတာ ၊ သွေးသွန်တာ နဲ့ သွားကိုက်တာတွေအတွက် အသုံးပြုကြပါတယ်။

၁။ ဘေးထွက်ဆိုးကျိုးကင်းတဲ့ နနွင်း

နနွင်းရဲ့ အကောင်းဆုံးအားသာချက်တစ်ခုက ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး။

၂။ အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျှော့ကျစေတဲ့ နနွင်း

အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို ကုသနိုင်သလို မကောင်းတဲ့ကိုလက်စထရောတွေကို ကျဆင်းစေပြီး နှလုံးကျန်းမာရေးနဲ့ လေဖြတ်မှု ဖြစ်ပွားတာကနေ ကာကွယ်ပေးနိုင်ပါတယ်။

၃။ အဆစ်အမြစ်နာကျင်ကိုက်ခဲခြင်းကို သက်သာပျောက်ကင်းစေတဲ့ နနွင်း

turmeric-australia-magnesium-joint-pain-blog-fb

ဆား (Himalayan Salt) ၁ဆ နဲ့ နနွင်း ၂ ဆ နဲ့ရောပြီး ရေအနည်းငယ်ရောပါ။ အဲဒီနောက် နာကျင်နေတဲ့ နေရာကိုလိမ်းပေးပြီး မိနစ် ၂၀ ခန့် ထားပါ။ အခုလို နေ့တိုင်းပြုလုပ်ပေးရင် အဆစ်အမြစ်နာကျင်ကိုက်ခဲတာ ပျောက်ကင်းသွားပါလိမ့်မယ်။ နနွင်းကြောင့် အရေပြားမှာ အဝါရာင်စွန်းထင်း ကျန်ခဲ့ပေမဲ့ အဲဒါက ရောင်ရမ်းတာကို သက်သာစေမှာပါ။

၄။ အသေးစားထိရှတာတွေနဲ့ ထိခိုက်ဒဏ်ရာတွေအတွက် ပိုးသတ်ဆေး

maxresdefault

ရှမိတဲ့နေရာနဲ့ ထိခိုက်မိတဲ့နေရာကို ဆေးကျောပြီး နနွင်းလိမ်းပေကာ အနာကို ပတ်တီးနဲ့ စည်းပေးထားပါ။

၅။ အစာအိမ်နာတာကို သက်သာစေတဲ့ နနွင်း

different types of turmeric barks

နနွင်းကိုစားသုံးတာဟာ အစာအိမ်နာတာကိုသက်သာပျောက်ကင်းစေပါတယ်။

၆။ အစာအိမ်အချည်ပေါက်ပျောက်ဆေး (Antacid) နနွင်း

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရေခွက် ၄ ခွက်လောက် ထည့်ပြီး ဆူအောင်တည်ကာ အစာမကြေလို့ ရင်ပူတာတွေအတွက် သောက်သုံးနိုင်ပါတယ်။

၇။ ဗောက်ပျောက်တဲ့ နနွင်း

အုန်းဆီနဲ့ နနွင်းကိုရောပြီး ဦးရေပြားပေါ် လိမ်းထားပေးပါ။ ၁၅မိနစ်လောက်ထားပြီး ခေါင်းလျှော်ချပေးပါ။

၈။ အသားအရေဝင်းလဲ့တောက်ပစေတဲ့ နနွင်း

get-glowing-skin

နနွင်း လက်ဖက်ရည်ဇွန်း ၃ ချိုး ၁ ချိုး၊ ကြက်ဥ (၁) လုံး၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ချိုး ၁ချိုး ရောစပ်ပြီး မျက်နှာပေါ်လိမ်းပါ။ မိနစ် ၂၀ လောက်ထားပေးပြီး ရေဆေးချပါ။

၉။ နေလောင်ဒဏ်ကိုသက်သာစေတဲ့ နနွင်း

နေလောင်ထားတဲ့ အသားရေအတွက်ကတော့ နနွင်းနဲ့ ရှားစောင်းလက်ပက်ကိုရောပြီး လိမ်းပေးလိုက်ရုံပါပဲ။

၁၀။ သွားဖြူစေတဲ့ နနွင်း

rjztjtj

နနွင်းကို သွားကလေးတွေ ဖြူဖွေးသန့်စင်သွားဖို့ အသုံးပြုနိုင်ပါတယ်။ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်းရောပြီး သွားတွေကိုလိမ်းပေးပါ။ အဲဒီနောက် သွားတိုက်ပေးပါ။

၁၁။ တင်းတိတ်၊ဝက်ခြံနဲ့ မျက်နှာပေါ်က အနီစက်တွေကို ပျောက်းကင်းစေတဲ့ နနွင်း

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေလက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရောပြီး မျက်နှာပေါ် လိမ်းထားပေးပါ။ ၃ မိနစ်လောက်ထားပြီး ရေဆေးချပါ။

၁၂။ ဟင်းပွဲတွေမှာ ထည့်သုံးပါ 

turmeric-recipes

နနွင်းကို အသားဟင်းချက်ရာမှာ အရောင်တင်ဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးနိုင်သလို ကြက်ဥကြော်ရာမှာ ထည့်သုံးရင်လည်း အရသာပိုကောင်းစေမှာဖြစ်ပါတယ်။ ဒါ့အပြင် သင်ကြိုက်တဲ့ ဟင်းလျာတွေမှာလည်း အဆင်ပြေသလို သုံးနိုင်ပါတယ်။

Credit: healthnfood