အာလူးဆိုတာ ဝစေတာမဟုတ်ဖူးလား။ ဘယ်လိုလုပ်ပြီး အာလူးနဲ့ ဝိတ်ချမှာလဲ။ အဲဒီလိုမေးခွန်းတွေ ရှိနေကြမယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မလည်း အစကတော့ အာလူးနဲ့ ဘယ်လိုဝိတ်ချမှာလဲဆိုပြီး သံသယဖြစ်မိပါတယ်။ ဒီအစီစဉ်မှာတော့ အာလူးသာမက အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ပါဝင်မှာဖြစ်ပါတယ်။
၁၀၀ ဂရမ် အလေးချိန်ရှိတဲ့ အာလူး ၁ လုံးမှာ ကယ်လိုရီပမာဏ ၇၅ % ပဲပါဝင်ပါတယ်။ အဲဒီပမာဏဟာ လိမ္မော်ရည်တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီပမာဏထက်တောင် နည်းနေပါသေးတယ်။
ဒါ့အပြင် ဒိန်ချဉ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး မလိုအပ်တဲ့ ရေဓါတ်နဲ့ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောင့်တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။
အာလူးနဲ့ ဝိတ်ချမယ်
ပထမနေ့
မနက်စာ ။ ။ ဆားမပါတဲ့ အာလူးပြုတ် ၁ လုံးနဲ့ ဒိန်ချဉ် ၁ ခွက်။
နေ့လည်စာ ။ ။ ဆားမပါတဲ့ အာလူးပြုတ် ၂ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်။
ညစာ ။ ။ ဒိန်ချဉ် ၂ ခွက်။
ဒုတိယနေ့
မနက်စာ ။ ။ ဒိန်ချဉ် ၁ ခွက်။
နေ့လည်စာ။ ။ ဆားမပါတဲ့ အာလူးပြုပ် ၂ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်။
ညစာ ။ ။ ဆားမပါတဲ့ အာလူးပြုပ် ၁ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်။
တတိယနေ့
မနက်စာ ။ ။ ဆားမပါတဲ့ အာလူးပြုတ် ၁ လုံး။
နေ့လည်စာ။ ။ ဆားမပါတဲ့ အာလူးပြုတ် ၁ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်။
ညစာ ။ ။ ဒိန်ချဉ် ၁ ခွက်။