ညဘက်ဆို ကောင်းကောင်းအိပ်မပျော်တတ်တဲ့သူတွေအတွက် ညဘက်တို့၊ ညနေဘက်တို့ရောက်ရင် မစားသင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအသောက်တွေကို စားသောက်ရင် ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တော့ပါဘူး။ နဂိုထဲက အိပ်မပျော်တဲ့သူတွေ စားမိရင် ပိုဆိုးတာပေါ့။

Energy Drinks

Energy Drinks တွေသောက်ရင် လန်းဆန်းစေတဲ့အတွက် ညဘက်မှာသောက်လိုက်ရင် မျက်စိကျယ်ပြီး တော်ရုံနဲ့အိပ်မပျော်နိုင်တော့ပါဘူး။ ဒါကြောင့် ညနေ ၆ နာရီလောက်ကစပြီး မသောက်သင့်တော့ပါဘူး။

Black Tea

Black Tea နဲ့ အခြားလက်ဖက်ရည်အမျိုးမျိုးကိုလည်း ညဘက်မှာ မသောက်သင့်ပါဘူး။ မျက်စိကြောင်ပြီး တော်ရုံနဲ့အိပ်မပျော်တဲ့အတွက် ကိုယ်က အစထဲက အိပ်မပျော်တတ်တဲ့သူဆိုရင် ညနေလောက်ကစပြီး မသောက်သင့်တော့ပါဘူး။

ကော်ဖီ

ကော်ဖီကလည်း လက်ဖက်ရည်လိုပဲဆိုတော့ ကော်ဖီသောက်ရင်လည်း မျက်စိကြောင်ပြီး အိပ်မပျော်တာမျိုး၊ ရင်တုန်တာမျိုးတွေဖြစ်ပြီး အိပ်ရေးပျက်စေပါတယ်။

စပ်တဲ့အစားအစာ Spicy Foods

ပူစပ်တဲ့အစားအစာတွေဖြစ်တဲ့ Spicy Foods တွေက ညဘက်မှာ ကောင်းကောင်းအိပ်မပျော်နိုင်တဲ့အတွက် ညဘက်မစားသင့်ပါဘူး။ အခန့်မသင့်ရင် ဗိုက်အောင့်တာ၊ ဗိုက်နာတာတွေလည်း ဖြစ်နိုင်ပါတယ်။

ဘာဂါ

ဘာဂါက ပေါင်မုန့်လည်းဖြစ်တယ်၊ အထဲမှာ အသားတွေလည်းပါတာဖြစ်လို့ အစာကြေဖို့ အရမ်းကြာပါတယ်။ ညဘက်မှာစားရင် ရင်တောင့်ပြီး အစာမကြေတာမျိုးဖြစ်တဲ့အတွက် ကောင်းကောင်းအိပ်မပျော်စေပါဘူး။

ကြက်ကြော်

ကြက်ကြော်ကလည်း ရင်တောင့်စေတဲ့အစားအစာဖြစ်တယ်၊ အစာချေဖို့လည်း ကြာတဲ့အတွက် ညဘက်မှာ မစားတာပိုကောင်းပါတယ်။ အစာမကြေပဲ ရင်တောင့်နေရင် အိပ်ပျော်ဖို့လည်း ခက်ခဲပါတယ်။

Photo Source: www.freepik.com