အားလုံးပဲ မင်္ဂလာပါ။ သင့်ရဲ့မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်နေအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲခေါင်းစားနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကတော့ သင့်အတွက် သန့်ရှင်းသပ်ရပ်တဲ့မီးဖိုချောင်တစ်ခုဖြစ်အောင် ဖန်တီးပေးပါလိမ့်မယ်။

အစားအစာများကို ရောထွေးမပစ်ပါနဲ့

အစားအစာများကို အမျိုးအစားတူရာပဲ စုထားခြင်းအားဖြင့် ကြည့်ရတာ အမြင်ရှင်းနေမှာဖြစ်ပြီး စားသောက်ပြီးတဲ့အခါမှာလည်း အမှိုက်ရှင်းရလွယ်ကူစေပါတယ်။

ကိတ်မုန့် (သို့) ချိစ်ကိတ် လှီးဖြတ်တဲ့အခါ

ချိစ်ကိတ် လှီးမယ့်ဓားကို ရေနွေးပူထဲတွင် နှစ်လိုက်ပါ။ ထို့နောက် ခြောက်သွေ့သော အဝတ်စဖြင့် ဓားကို သုတ်လိုက်ပါ။ ပြီးမှ ကိတ်မုန့်ခွဲလိုက်မယ်ဆိုရင် သင့်ရဲ့ဓားရော ကိတ်မုန့်အနားသားရောက ပွမနေမှာဖြစ်ပါတယ်။

နံရံကပ်ချိတ်များ အသုံးပြုပါ

နံရံကပ်ချိတ်များက သင့်ရဲ့မီးဖိုချောင်ကို သပ်သပ်ရပ်ရပ်နဲ့ ကျယ်ကျယ်ဝန်းဝန်းလေးဖြစ်နေအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

သံပုယိုသီးကို အရည်များများ ထွက်အောင် ပြုလုပ်နည်း

အရည်ညှစ်မယ့် သံပုရာသီးကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး ၇ စက္ကန့်မှ ၁၀ စက္ကန့်အထိ အပူပေးလိုက်ပါ။ ထို့နောက် ထိုသံပုရာသီးကို လှိမ့်ပေးလိုက်ပါ။ ပြီးမှ အရည်ညှစ်ပေးလိုက်မယ်ဆိုရင် အရည်များများ ထွက်ပါလိမ့်မယ်။

စတော်ဘယ်ရီသီးရဲ့ ဖတ်ရွက်စိမ်းကို ဖယ်ရှားချင်တဲ့အခါ

အအေးသောက်တဲ့ပိုက် အသုံးပြုပြီး ပုံပါအတိုင်း စတော်ဘယ်ရီသီးကို ဖောက်ပေးလိုက်ပါ။ ထို့နောက် ထိုအရွက်စိမ်းကို အသင့်ပြင်ထားသော အမှိုက်အိတ်ထဲ တစ်ခါတည်း ထည့်ထားလိုက်မယ်ဆိုရင် တကူးတက သန့်ရှင်းရေး လုပ်စရာ မလိုတော့ပါဘူး။

အမွှေးအကြိုက်ရနံ့များကို ကြာရှည်ခံစေချင်တယ်ဆိုရင်

နံနံပင်၊ ပင်စိမ်းရွက်စတဲ့အရွက်များရဲ့ အောက်ဘက်ပိုင်းကို အနည်းငယ်လှီးဖြတ်ပြီးနောက် ဖန်ပုလင်းထဲထည့်ပါ။ ထို့နောက် အရွက်များကို ပလပ်စတစ်ဖြင့် လုံအောင် အုပ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ အနည်းဆုံး ရက်သတ္တပတ် ၂ ပတ်ခန့် အထားခံပါတယ်။

Source: Tasteofhome.com