လူတိုင်းမှာတော့ ကျန်းမာပြီး ဖြူစင်လှပတဲ့ သွားလေးတွေကို ပိုင်ဆိုင်ချင်ကြမှာပါ။ ဒါ့ကြောင့် သွားတွေကိုလည်း မထိခိုက်တဲ့ သွားတွေ ဖြူစင်နိုင်တဲ့ သဘာဝနည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အရွက်ထဲကနေ အနှစ်ကို ထုတ်ယူလိုက်ပါ။ အဲ့ဒီအနှစ်နဲ့ သွားတွေကို ပွတ်ပါ။ သွားတိုက်တံနဲ့ သွားတွေနေရာအနှံ့တိုက်ပြီး ရေဆေးချပေးပါ။ ဒါဆိုရင်သွားတွေဖြူဝင်းလာကာ ပြောင်လက်လာပါလိမ့်မယ်။ တစ်ပတ်ကို ၂ ကြိမ် သို့ ၃ ကြိမ်လောက် လုပ်ပေးပါ။

သံပုရာသီး

သံပုရာသီးက သွားတွေကို ဖြူစင်ဝင်းပစေပြီး ခံတွင်းရနံ့ကိုလည်းကောင်းစေပါတယ်။ သံပုရာသီး ၃ လုံးကို ၊ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး မွှေလိုက်ပါ။ သွားတိုက်ပြီးတာနဲ့ အဲ့ဒီ သံပုရာရည်နဲ့ ပလုပ်ကျင်းပါ။ တစ်ပတ်ကို ၂ ကြိမ် သို့ ၃ ကြိမ်လောက် လုပ်ပေးပါ။

ခံတွင်းထဲမှာ ဖောက်ပြဲ ရောင်ရမ်းနေရင်တော့ ဒီလို ပလုပ်ကျင်းတဲ့နည်းလမ်းကို မသုံးပါနဲ့။

ငှက်ပျောသီးအခွံ

ငှက်ပျောသီးအခွံမှာ သွားချေးလွှာတွေကို အရည်ပျော်စေပြီး သွားကို နဂိုအတိုင်း ဖြူစင်ဝင်းပစေပါတယ်။ ငှက်ပျောသီးအခွံနဲ့ သွားရဲ့ အတွင်းကော၊ အပြင်ကောပါ တိုက်ပေးပါ။ ၅ မိနစ်ကနေ ၇ မိနစ်ကြားလောက်ထားထားပြီးနောက် ရေဆေးချပြီး သွားတိုက်လိုက်ပါ။ တစ်ပတ်ကို အကန့်အသတ်မရှိ ဒီနည်းကို အသုံးပြုနိုင်ပါတယ်။