မကုန်တဲ့အစားအစာတွေကို နှမြောတတ်ကြပါသလား။ အစားအစာတွေကို လွှင့်ပစ်စရာမလိုဘဲ သိမ်းဆည်းနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ကွေကာအုပ် (အုတ်ဂျုံ) ကပိုနေတာတွေကို Cookie လုပ်မယ်

ကွေကာအုပ် (အုတ်ဂျုံ)တွေပိုနေတယ်ဆိုရင် နွားနို့၊ ကြက်ဥ။ ဘယ်ရီသီး၊ ဆား နဲ့ သကြားတို့ ထပ်ထည့်ပြီး အရသာရှိတဲ့ Cookie ဖုတ်လို့ရပါတယ်။

မှိုတွေနဲ့ Herbs တွေပိုနေရင်

မှိုတွေနဲ့ Herbs တွေပိုနေရင် မုန်လာဥနီ၊ ကြက်သွန်နီ၊ အာလူးတို့ကို ထည့်ပြီး အရသာရှိတဲ့ မှိုဟင်းချိုလေး ချက်လို့ရတယ်နော်။

Nutella ယိုတွေကျန်နေသေးရင်

ပုလင်းထဲမှာလည်း Nutella ယိုတွေသိပ်မကျန်တော့ဘူးဆိုရင် အဲ့ဒီ ယိုတွေကို အသုံးပြုပြီး ချောကလပ် ဖျော်ရည်လုပ်လို့ရပါတယ်။

နွားနို့ပူပူလေးကို Nutella တွေကပ်နေတဲ့ ပုလင်းထဲကိုလောင်းထည့်လိုက်ပါ။ ပြီးရင် သေချာမွှေလိုက်ရင် အရသာရှိတဲ့ ချောကလပ် ဖျော်ရည်ရပါပြီ။

ခရမ်းချဉ်သီးတွေ သိပ်မလတ်ချင်တော့ရင်

ခရမ်းချဉ်သီးတွေ သိပ်မလတ်ချင်တော့ရင် မလွှတ်ပစ်ပါနဲ့။ သူတို့ကို ခရမ်းချဉ်သီးအနှစ် ဒါမှမဟုတ် မြန်မာဟင်းလျာဆိုရင်တော့ ခရမ်းချဉ်သီး ငပိချက်တို့ လုပ်လို့ရပါတယ်။