၀အောင် ကြိုးစားရတာကလည်း လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး။ လှပတောင့်တင်းတဲ့ ခန္ဓာကိုယ်ရရှိဖို့အတွက် နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေရတာပါ။ ဒါ့ကြောင့် ကိုယ်အလေးချိန် တက်စေတဲ့ အစားအစာများကိုဝေမျှချင်ပါတယ်။

ပရိုတင်းပါဝင်တဲ့ ဖျော်ရည်များ

ကိုယ်အလေးချိန်တက်ချင်ရင် ကိုယ်စားနေတဲ့အစားအစာတွေထဲမှာ ပရိုတင်းဓာတ်တွေပါဝင်မှုမြှင့်တင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ အသီးအနှံတွေကို များများဖျော်ပြီး သောက်ပေးပါ။

နို့ထွက်ပစ္စည်းများ

နွားနို့၊ ချိစ်၊ ကြက်ဥ၊ ဒိန်ချဉ်၊ ထောပတ် စသည့် နို့ထွက်ပစ္စည်းများကို များများစားပေးသင့်ပါတယ်။ နို့ထွက်ပစ္စည်းတွေက ကယ်လိုရီပါဝင်မှုများပြီး ကိုယ်အလေးချိန်ကို တက်အောင်ကူညီပေးနိုင်ပါတယ်။

ဆန်

ကိုယ်အလေးချိန်အမြန်ဆုံး မြင့်တက်ချင်ရင် ဆန်ကို စားသုံးပေးပါ။ အနည်းဆုံး ကိုယ်စားနေကျထက် နောက်ထပ်တစ်ပန်းကန်လောက်ကို တိုးမြှင့်စားသုံးပေးရင် ကိုယ်အလေးချိန်မြန်မြန်တက်စေပါတယ်။

အဲ့ဒီအပြင် မြေပဲထောပတ်လိုမျိုးအစားအစာတွေမှာ ကယ်လိုရီအရမ်းကြီးမပါဝင်ပေမယ့် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိဖို့အတွက် ကူညီပေးပါလိမ့်မယ်။

ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာများ

ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဖြစ်တဲ့ အာလူး၊ ပြောင်းဖူး၊ မြေပဲ စသည်တို့ကို များများစားပေးပါ။ ရက်အနည်းငယ်လောက်မှာ သိသိသာသာ ကိုယ်အလေးချိန် တိုးလာပါလိမ့်မယ်။