ကိုယ်ကြပ်အကျီတွေ ဝတ်ချင်ပေမဲ့ ဗိုက်ခေါက်ထူပြီး ဝတ်လို့မရလို့ စိတ်ညစ်နေလား။ ဆောင်းရာသီကတော့ အနွေထည်လေး ဝတ်ထားဖို့လိုတာကြောင့် ဒီရာသီဟာ ဝမ်းဗိုက်က အဆီတွေကို လျှော့ချဖို့ အကောင်းဆုံးပါပဲ။ ဒါ့ကြောင့် ဝမ်းဗိုက်ကအဆီတွေကို လျှော့ချနိုင်ဖို့အတွက် နည်းလမ်း ၆ ခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ ဆား လျှော့စားပါ။

dt_140618_eat_less_salt_800x600

ဆားက ခန္တာကိုယ် ကျန်းမာဖို့ အတွက် လိုအပ်ပြီး စားသုံးသင့်တဲ့အရာပါ။ ဒါပေမဲ့ဘယ်အရာဖြစ်ဖြစ် လွန်လွန်ကဲကဲစားသုံးတာက မကောင်းပါဘူး။ ဆားအလွန်အကျွံစားသုံးတာဟာ ရေဓါတ်ခမ်းခြောက်တာကိုဖြစ်စေဖို့ မကြာခဏဆိုသလို ရေသောက်သုံးမိတတ်ပါတယ်။ အကောင်းဆုံးကတော့ တစ်နေ့ကို လက်ဖက်ရည်ဇွန်း တစ်ဝက်သာစားသုံးသင့်ပါတယ်။

၂။ ကစီဓါတ်များတဲ့အစားအစာကို ရှောင်ပါ။

foods-rich-in-carbs

ဝမ်းဗိုက်က အဆီတွေကို လျှော့ချနိုင်ဖို့က ကစီဓါတ်များတဲ့ အစားအစာ စားသုံးတာကို လျှော့ချဖို့ပါပဲ။ အားလူး၊ ဂျုံနဲ့လုပ်ထားတဲ့ အစားအစားတွေကို စားသုံးတာဟာ ဝမ်းဗိုက်က အဆီတွေကို တက်စေပါတယ်။ ပရိုတင်းဓါတ်ပါတဲ့ အစားအစာကို အစားထိုး စားသုံးသင့်ပါတယ်။

၃။ နွားနို့ မသောက်ပါနှင့်။

milk-500_0

နွားနို့က ကိုယ်အလေးချိန်လျှော့ချရာမှာ တကယ်ကို အခက်အခဲဖြစ်စေတဲ့ အရာပါ။ နွားနို့ကို တစ်နေ့မှာ အများဆုံး ½ လီတာ ထက် ပိုမသောက်သင့်ပါဘူး။ နွားနို့အစား ဒိန်ချည်ကို သောက်သုံးနိုင်ပါတယ်။

၄။ အရသာပူစပ်စပ် ၊ စူးရှရှ အစားအစာ (Spicy Food) လျှော့စားပါ။

spicy-food

အရသာ ပူစပ်စပ်၊ စူးရှရှ အစားအစာကို အလွန်အကျွံစားသုံးတာဟာ အစာအိမ်မှာ လိုအပ်တာထက် အက်ဆစ်ဓါတ်ကို ပိုမိုထုတ်ပေးပါတယ်။ အစာအိမ်ကို နာကျင်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာ အဟန့်အတားဖြစ်စေပါတယ်။

၅။ ယမကာ၊ ကော်ဖီ၊ သကြားနဲ့ အထားခံအောင်လုပ်ထားတဲ့ အစားအစာများကို ရှောင်ပါ။

bottles-and-glasses-of-alcoholic-drinks

အထက်ဖော်ပြထားတဲ့ အစားအစာတွေကို ရှောင်ရမှာပါ။ အဲဒီအစားအစာတွေဟာ ကျန်းမာရေးအတွက် မကောင်းသလို အဆီတွေ သိုလှောင် ထားတာကလွဲလို့ သင့်အတွက် ဘာကောင်းကျိုးမှမဖြစ်စေပါဘူး။

၆။ သစ်သီးဝလံများကို စားပါ။

Citrus fruit

သစ်သီးဝလံတွေကို စားသုံးတာဟာ အမြဲတမ်း ကျန်းမာစေပါတယ်။ သစ်သီးဝလံတိုင်းက အကျိုးရှိပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန် လျှော့ချဖို့ ဆိုရင်တော့ ရွှေးချယ်စားသုံးသင့်ပါတယ်။ ဒါပေမဲ့ ပန်းသီးနဲ့ သစ်တော်သီးတွေဟာ Fructose ဓါတ်ပါဝင်မှုများပြားတာကြောင့် အစာချေတာကို ပိုမို အဟန့်အတားဖြစ်စေပါတယ်။ အဲဒီသစ်သီးတွေအစား စပျစ်သီး၊ လိမ္မော်သီး၊ သံပုရာသီး စတာတွေကို ရွေးချယ် စားသုံးသင့်ပါတယ်။