မင်္ဂလာပါ… ပျိုမဒီတို့ရေ…..အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပြောပါလို့ဆိုလိုက်ရင်  ဆံပင်ကျွတ်တာကို ချန်ထားလို့မရပါဘူးနော်။ ဆံပင်တွေ ကောက်လိုက် ဖြောင့်လိုက် ဆိုးလိုက်နဲ့ လုပ်တာတွေကြောင့် အချိန်ကြာလာရင် ဆံပင်တွေကျွတ်တာမျိုး ဖြစ်လာနိုင်ပါတယ်။

တစ်နေ့ကို ဆံပင် 50 မှ 150 အထိ ကျွတ်တာက ပုံမှန်ကျွတ်တာလို့ ယူဆလို့ရပေမယ့်  ဒီ့ထက်ပိုပြီး သိသိသာသာကျွတ်လာရင်တော့ ဘာကြောင့်ကျွတ်တာလဲဆိုတဲ့ အကြောင်းရင်း ရှာပြီး ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အာဟာရပြည့်ဝတဲ့ အစားအစာတွေက ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကြီးထွားဖို့အတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့်  ဆံပင်အရှည်မြန်စေဖို့အတွက် စားပေးသင့်တဲ့ စားအစာများကို ဖော်ပြပေးလိုက်ပါတယ်နော်။

Organic Foods

ဓာတုပစ္စည်းတွေက  ဆံပင်ကြီးထွားမှုကို အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် ဓာတုပစ္စည်းပါဝင်တဲ့အစားအစာတွေအစား Organic Foods တွေကို ပိုပြီး ရွေးချယ် စားသုံး သင့်ပါတယ်။

ရွှေဖရုံစေ့

ဇင့်ချို့တဲ့ခြင်းက သိုင်းရွိုက်အားနည်းခြင်းနဲ့ ဆံပင်ကျွတ်ခြင်းတို့ကို ဖြစ်စေတာကြောင့်  ဆံပင်အတွက်လိုအပ်တဲ့ ဇင့်ဓာတ်တွေအများကြီးပါဝင်တဲ့ ထိပ်တန်းအစားအစာတွေထဲက တစ်ခုဖြစ်တဲ့ ရွှေဖရုံစေ့ကို စားပေးသင့်ပါတယ်။

မြစ်ငါး

ဆော်လမွန်တို့လို  မွေးမြူရေးမဟုတ်တဲ့ငါးတွေမှာ အိုမီဂါ-၃ အဆီဓာတ် မြင့်မားစွာပါဝင်ပြီး ရောင်ရမ်းမှုကို လျော့ကျစေတဲ့အပြင် ဆံပင်ကြီးထွားမှုနဲ့  ဆံပင်ထူခြင်းကို ထောက်ပံ့ပေးတဲ့ ဓာတ်တွေအများကြီးပါဝင်ပါတယ်။

Green Tea

လက်ဖက်စိမ်းမှာ   အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ဆံပင်ကြီးထွားမှုကို အားပေးတဲ့ Antioxidants တွေ အများကြီး ပါဝင်တာကြောင့် လက်ဖက်စိမ်းကို မကြာမကြာ သောက်ပေးသင့်ပါတယ်။

Super Seeds

Chia စေ့၊ နှမ်းကြတ်စေ့ နဲ့ လျှော်စေ့တို့မှာ ဆံပင်အတွက်လိုအပ်တဲ့ ဓာတ်တွေ မြင့်မားစွာပါဝင်ပြီး ဆံပင်ကြီးထွားမှုကို အထောက်အကူဖြစ်စေတဲ့ အမျှင်ဓာတ်နဲ့ ကျန်းမာတဲ့အဆီတွေ များစွာပါဝင်ပါတယ်။

အရိုးဟင်းရည်

ပရိုတိန်း၊ ကော်လာဂျင်နဲ့ အမိုင်နိုအက်ဆစ်တွေ မြင့်မားစွာ ပါ၀င်တဲ့ အရိုးဟင်းရည်ဟာ ကျန်းမာတဲ့ဆံကေသာ ကြီးထွားမှုကို အားပေးဖို့အတွက် ပြီးပြည့်စုံတဲ့ အစားအစာတစ်ခုပါပဲ။