ကမ္ဘာပေါ်ရှိ လူကြီးလူငယ် ကျားမ မရွေး နှင့် မည်သည့်လူမျိုးဘာသာမဆို မြင့်မားသည့်ကိုလက်စထရောရှိနိုင်ကြပါတယ်။ ထိုသို့မြင့်မားခြင်းသည် နှလုံးရောဂါကဲ့သို့သော နှလုံးသွေးကြောရောဂါများ ဖြစ်ပေါ်မှုကို မြင့်တက်စေနိုင်ပါတယ်။ ဆေးလိပ်အလွန်သောက်ခြင်း၊ အဝလွန်ခြင်း၊ ခါးတုတ်ခြင်း၊ အစားအသောက်ပုံစံမမှန်ကန်ခြင်း၊ လေ့ကျင့်ခန်းလုပ်မှုနည်းပါးခြင်း၊ ဆီးချိုရောဂါ စသောအခြေအနေများရှိသူများတွင် အန္တရာယ်ရှိနှုန်းပိုမိုမြင့်မားတတ်ပါတယ်။ မည်သည့်လက္ခဏာမျှ မပြသောကြောင့် မကြာခဏကိုလက်စထရောပမာဏကို စစ်ဆေးရန်လိုအပ်ပါတယ်။

ဆေးဝါးများသောက်သုံးရသည်ကို ကြောက်ရွံသူများအနေဖြင့် သင့်တင့်လျှောက်ပတ်မှုရှိသော အစားအစာများကို စားသုံးပေးခြင်းဖြင့်လည်း ကိုလက်စထရောပမာဏကို လျော့ချပေးနိုင်သောကြောင့် ဗဟုသုတအနေဖြင့်ဖော်ပြပေးလိုက်ရပါတယ်။

၁။ အုတ်ဂျုံမှုန့်

နေ့စဉ်နေ့တိုင်း အုတ်ဂျုံမှုန့်ကို မနက်စာအဖြစ်စားသုံးပေးခြင်းသည်လည်း ကိုလက်စထရောကိုလျော့နည်းစေနိုင်သည့် နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သွေးအတွင်း ကိုလက်စထရောစိမ့်ဝင်ခြင်းကို လျော့ချပေး၍ နှလုံးသွေးကြောရောဂါများနှင့် အဆင့် (၂) ဆီးချိုတို့ ဖြစ်ပေါ်မှုမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၂။ အယ်လ်မွန်

တနေ့လျှင် အယ်လ်မွန်လက်တစ်ဆုပ်စာ သို့မဟုတ် သစ်ကြားသီးကိုစားသုံးပေးခြင်းက သွေးအတွင်းရှိကိုလက်စထရောပမာဏကို နည်းပါးစေနိုင်ပါတယ်။

၃။ လိမ္မော်ဖျော်ရည်

ဗီတာမင်စီ နှင့် ဖောလစ်တို့ပါဝင်သည့် လိမ္မော်သီးဖျော်ရည်ကို တနေ့လျှင် နှစ်ခွက်မှ သုံးခွက်အထိသောက်သုံးပေးပါက ကိုလက်စထရောကို အတိုင်းအတာတစ်ခုအထိ လျော့ကျစေရန် ကူညီပေးနိုင်ပါတယ်။

၄။ ဆော်လမွန်ငါး

EPA နှင့် DHA ကဲ့သို့သော အိုမီဂါသရီးဖက်တီးအက်စစ်များ ပေါင်းစပ်ပါဝင်သော ဆော်လမွန်ကို တပတ်လျှင် နှစ်ပွဲအနည်းဆုံးစားပေးခြင်းဖြင့် ကိုလက်စထရောပမာဏကိုနည်းပါးစေရုံသာမက နှလုံးရောဂါဖြစ်ပေါ်မှုကိုပါ လျော့ကျစေမှာဖြစ်ပါတယ်။

၅။ သံလွင်ဆီ

သံလွင်ဆီတွင် ဆိုးရွားသော LDL ကိုလက်စထရောများကို လျော့နည်းစေသည့် အဆီမြင့်မားစွာပါဝင်သောကြောင့် နှလုံးရောဂါဖြစ်ပွားခြင်းကို နည်းပါးစေပါတယ်။ သည့်အပြင် နှလုံးနှင့် အခြားကျန်းမာရေးကိုပါ ကောင်းမွန်စေသည့် ဗီတာမင်အီး antioxidant လည်းကြွယ်ဝစွာ ပါဝင်ပါတယ်။