မိခင်အများစုက သူတို့ကလေးလေးတွေကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ စားခိုင်းဖို့ကို အတော်လေး တိုက်တွန်းရလေ့ရှိပါတယ်။ တကယ်လို့သာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများကို ချစ်စရာကောင်းအောင် လှလှပပ ပြင်ဆင်လိုက်မယ်ဆိုရင် ကလေးတွေရဲ့ အစားစားချင်စိတ်ကို မြှင့်တင်ပေးနိုင်ပါ့မလား။

လက်တွေ့စမ်းသပ်ကြည့်လို့ရဖို့ရန်အတွက် အခုဖော်ပြပေးမယ့် သစ်သီးအလှဆင်နည်းလေးတွေကို အသုံးပြုပြီး စမ်းသပ်ကြည့်လိုက်ပါ။

ကီဝီသီး၊ ငှက်ပျောသီး၊ လိမ္မော်သီးတို့ကို အုန်းပင်ပုံ အလှဆင်လိုက်ပါ

သခွားသီး၊ စပျစ်သီး၊ ချိစ်၊ မုန်လာဥနီတို့ကို မိကျောင်းပုံ အလှဆင်လိုက်ပါ

စပျစ်သီးနဲ့ သစ်တော်သီးကို ဒေါင်းပုံသဏ္ဍာန် အလှဆင်လိုက်ပါ

စတော်ဘယ်ရီ၊ မုန်လာဥနီ၊ စပျစ်သီး၊ ကီဝီသီးတို့ကို သရေစာမုန့်နဲ့ တွဲဖက်ကာ အလှဆင်လိုက်ပါ

မီးရထားကောင်လေးအဖြစ် စပျစ်သီး၊ နေပုံအဖြစ် သံပုရာသီးနဲ့ အလှဆင်လိုက်ပါ

ရောင်စုံလိပ်ပြာ ဖန်တီးချင်တယ်ဆိုရင်တော့ သီးစုံသစ်သီးများ လိုအပ်ပါလိမ့်မယ်။

ဟောလိုးဝင်းညအတွက်ဆိုရင်တော့ လိမ္မော်သီး၊ ငှက်ပျောသီးတို့နဲ့ အလှဆင်ပါ

ရောင်စုံသက်တံ

စတော်ဘယ်ရီး၊ ချောကလက်နဲ့အတူတူ အလှဆင်ထားတဲ့ ချစ်စရာအင်းဆက်လေး

ငှက်ပျောသီး ပင်လယ်ဓားပြ

စပျစ်သီးနဲ့ Grapefruite သီး လိပ်ပြာ

သီးစုံတုတ်ထိုး

ဇီးကွက်ပုံ ပန်းသီး

အချိန်ပြည့်ဒေါသထွက်နေတဲ့ Angry Bird

စပျစ်သီးစားနေတဲ့ လင်းပိုင်များ

ဒီလိုအိုင်ဒီယာလေးတွေ ရသွားပြီဆိုရင်တော့ သင့်ကလေးရဲ့အစားစားချင်စိတ်ကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတစ်ခု တိုးသွားပြီပေါ့။

Source: Decorordesign.com