အကယ်၍ သင့်မှာသွေးအားနည်းရောဂါရှိနေတယ်ဆိုပါက အစားအသောက်ကျန်းမာရေးနှင့်ညီညွတ်ဖို့ အလွန်အရေးကြီးပါတယ်။ သွေးအားနည်းရောဂါဖြစ်ရခြင်းမှာ သံဓာတ်၊ ဗီတာမင် B12၊ ဖော့လစ်အက်စစ် ချို့တဲ့မှုနှင့် သွေးဆုံးရှုံးမှုလွန်ကဲခြင်းတို့ကြောင့် ဖြစ်ပါတယ်။ ထိုအခါမှာ လက်နှင့်ခြေထောက်များတွင် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ပျောက်ဆုံးခြင်း၊ မူးဝေမောပန်းခြင်းနှင့် အားနည်းခြင်းတို့ဖြစ်ပွားလာနိုင်ပါတယ်။

ဒါကြောင့် သွေးအားနည်းရောဂါကို တိုက်ထုတ်ပေးရာမှာ ထိထိရောက်ရောက်ကူညီပေးနိုင်တဲ့ အစားအသောက်များကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ အုတ်ဂျုံမှုန့်

သံဓာတ်ပါဝင်မှုမြင့်မားပေမယ့်လည်း phytic အက်စစ်နှင့် B-12 နှင့် အခြား B ဗီတာမင်များပါဝင်တာကြောင့် စားသုံးပေးနိုင်ပါတယ်။

၂။ အနီရောင်အသားများ

အနီရောင်အသားများထဲမှ အသည်းသည် သွေးကိုသံဓာတ်နှင့် ဗီတာမင်ဘီတို့ဖြင့် မြှင့်တင်ပေးရာတွင် အကောင်းဆုံးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။

၃။ ကြက်ဥများ

ကြက်ဥကဲ့သို့ Antioxidants အများအပြားပါဝင်တဲ့ ပရိုတင်းအစားအစာများတွင် သွေးအားနည်းရောဂါကြောင့် ကုန်ဆုံးသွားတဲ့ ဗီတာမင်များကို ပြန်လည်ဖြည့်တင်းပေးပါတယ်။ ကယ်လိုရီလည်းပါဝင်မှုနည်းပါးပြီး အာဟာရအလွန်ပြည့်ဝသည့် အစားအစာတစ်ခုဖြစ်ပါတယ်။

၄။ မြေပဲထောပတ်

မြေပဲထောပတ်နှစ်ဇွန်းတွင် သံဓာတ် 0.6mg ပါဝင်ပါတယ်။ မြေပဲထောပတ်သုတ်ထားသည့် ဆန်းဒဝှစ်ချ်နှင့် လိမ္မော်ရည်တွဲဖက် စားသုံးပေးမယ်ဆိုရင် လိမ္မော်ရည်တွင်ပါဝင်တဲ့ ဗီတာမင်စီက မြေပဲထောပတ်တွင်ပါဝင်တဲ့ သံဓာတ်စုပ်ယူနိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

၅။ ဒေါက်ခွရွက်

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့လိုအပ်တဲ့ ဖိုက်ဘာ၊ ဗီတာမင်အေ၊ စီ၊ အီး နှင့် B9၊ ကယ်လ်စီယမ်တို့ပါဝင်ပြီး salad ဖြစ်စေ၊ ဟင်းချိုဖြစ်စေ သို့မဟုတ် အခြားတွဲဖက်ဟင်းလျာအနေဖြင့်လည်း စားသုံးပေးနိုင်ပါတယ်။

၆။ ခရမ်းချဉ်သီး

ခန္ဓာကိုယ်မှ သံဓာတ်ကိုစုပ်ယူရန်ကူညီပေးသည့် ဗီတာမင်စီသည် ခရမ်းချဉ်သီးတွင်ပါဝင်တာကြောင့် သွေးအားနည်းရောဂါတိုက်ထုတ်ရာတွင် ကူညီပေးပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးဖျော်ရည်ကို တနေ့တခွက်မှန်မှန်သောက်သုံးပေးပါ။

၇။ တလည်းသီး

သံဓာတ်၊ ဗီတာမင်စီ၊ အေ၊ အီးနှင့် ဖိုက်ဘာ၊ ပိုတက်စီယမ်တို့ ပါဝင်သည့် တလည်းသီးသည် ခန္ဓာကိုယ်အတွင်း သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သွေးကိုသံဓာတ်ထောက်ပံ့ပေးတာကြောင့် မောပန်းမူးဝေခြင်း၊ အားနည်းခြင်း၊ အကြားအာရုံချို့တဲ့ခြင်းတို့ကို သက်သာစေပါတယ်။