လောကဓံရဲ့ ထုထောင်းမှုအောက်မှာ လူသားတိုင်းက တစ်မျိုးမဟုတ်တစ်မျိုးတော့ စိတ်ဖိစီးမှုဒဏ်တွေကို ခံစားနေကြရတာပါ။ ကျောင်းသားဘဝမှာလည်း ကျောင်းစာမလိုက်နိုင်တဲ့အခါမျိုးမှာ စိတ်ညစ်ရသလို၊ ကျောင်းပြီးသွားလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာလည်း အလုပ်ဖိစီးမှုဒဏ်တွေကို ခံစားရပါတယ်။

အိမ်တွင်းရေး၊ မိသားစုရေး၊ အချစ်ရေး စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးတဲ့အခါ အားကစားပြုလုပ်ခြင်း၊ တရားထိုင်ခြင်းတို့ဖြင့် စိတ်ပင်ပန်းမှုများကို လျော့ချလိုက်ပါ။

ဒါ့အပြင် စိတ်ဖိစီးမှုများကို လျော့ချပေးနိုင်တဲ့ အစားအစာများလည်း ရှိပါသေးတယ်။ စိတ်ဖိစီးမှု ခံစားနေရပြီဆိုရင် အခုဖော်ပြသွားတဲ့ အစားအစာများ ကိုသာ သတိရလိုက်ပါ။

ထောပတ်သီးနဲ့ ငှက်ပျောသီး

ဒီအသီးအနှံ နှစ်မျိုးစလုံးရဲ့ တူညီချက်ကတော့ ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်များလည်း ပါဝင်နေတာကြောင့် သွေးဖိအားကို ထိန်းညှိပေးပါတယ်။

Green Tea

လက်ဖက်စိမ်းက သင့်အာရုံကြောများကို ထိန်းချုပ်ပေးရာမှာ အသုံးဝင်ပါတယ်။ စိတ်ဖိစီးမှုများမှ ကင်းဝေးစေပြီး စိတ်ကို တည်ငြိမ်အေးချမ်းစေမှာ အမှန်ပါပဲ။

အဆီဓာတ်ပါဝင်တဲ့ ငါးများ

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ Omega-3 ဓာတ်ကို ဆောလမွန်ငါး၊ ငါးသေတ္တာ၊ တူနာငါးတွေမှာ တွေ့ရပါတယ်။ ထိုငါးများကို စားသုံးခြင်းက စိတ်ဖိစီးတဲ့အခါ ထုတ်လွှတ်တဲ့ အဒရီနယ်ဂလင်းများကို လျော့ချပေးပြီး သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေမှာပါ။

မုန်လာဥနီ

ဝါးစားတဲ့အခါ တကျွတ်ကျွတ်နဲ့အသံမြည်တဲ့အစားအစာများက သင့်စိတ်ဖိစီးမှုကိုလျော့ချပေးနိုင်မှာပါ။ မုန်လာဥလိုပဲ ကယ်လိုရီမများဘဲ အာဟာရဓာတ်ကြွယ်ဝတဲ့အခြားအသီးအနှံများကိုလည်း စားသုံးပေးနိုင်ပါတယ်။

နွားနို့

နွားနို့မှာ ဗီတာမင် ဘီ၊ ပရိုတိန်း၊ ဗီတာမင် ဒီနဲ့ အရိုးကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ကယ်လစီယမ်ဓာတ်များ ပါဝင်ပါတယ်။ ကြွက်သားများ နာကျင်ကိုက်ခဲမှု ဝေဒနာမှလည်း သက်သာစေတာကြောင့် ညအိပ်ရာဝင်ခါနီးတိုင်းမှာ နွားနို့တစ်ခွက် မှန်မှန်သောက်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ကူညီပေးပါတယ်။

ဒိန်ချဉ်

စိတ်ဖိစီးမှုဒဏ်ခံစားနေရပြီဆိုရင် ရေခဲမုန့်စားမယ့်အစား ဒိန်ချဉ်စားသုံးပေးပါ။

အစေ့အဆံများ

စိတ်ဖိစီးမှုများက သင့်ကို နေထိုင်မကောင်းဘဲ မအီမသာခံစားရစေပါတယ်။ မြေပဲနဲ့ အခြားအခွံမာသီးများ၊ အစေ့အဆံများကို စားသုံးပေးခြင်းက သင့်ရဲ့ ကိုယ်ခံစွမ်းအားကို ဗီတာမင်နဲ့ ဇင့်ဓာတ်ရဲ့ အကူအညီနဲ့မြှင့်တင်ပေးနိုင်ပါတယ်။

ချောကလက်

သုတေသနပညာရှင်များရဲ့ လေ့လာချက်အရ ချောကလက်အမဲက စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတဲ့ ဟော်မုန်များကို လျော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ချောကလက်က သင့်ရဲ့ကျနေတဲ့စိတ်ဓာတ်များကို ပြန်လည်မြှင့်တင်ပေးနိုင်ပါသေးတယ်။

Source: www.foodnetwork.com