သွားကျန်းမာရေးဟာ လူတစ်ယောက်အတွက် သိပ်ကိုအရေးကြီးပါတယ်နော်။ သင့်ရဲ့ လှပတဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။
၁။ သကြားလုံးတွေ
သကြားလုံးတွေဟာ ကြည့်လိုက်ရင် စားချင်စရာလေးဖြစ်ပြီး ကလေးတွေလည်း သိပ်ကိုကြိုက်ကြပါတယ်။ ဒါပေမယ့် ဒီ သကြားလုံးလေးတွေဟာ သွားတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ သကြားလုံးတွေကို ကိုက်မိရင် သွားကျိုးတာ (သို့) သွားပဲ့တာတွေဖြစ်စေပါတယ်။ အချိန်တန်ကြာစားမယ်ဆိုရင်တော့ သွားခေါင်းပေါက်ဖြစ်တာ သွားတွေကို ယိုယွင်းပျက်ဆီးစေတာမျိုးဖြစ်စေပါတယ်။ ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ သကြားမပါတဲ့ ပီကေကို ပြောင်းဝါးပေးပါ။
၂။ ရေခဲတုံး
တကယ်တော့ ရေခဲတုံးဆိုတာ ရေနဲ့လုပ်တာဖြစ်ပြီး သကြားလည်းမပါဝင်လို့ သွားအတွက်ကောင်းမွန်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် ရေခဲတုံးတွေဟာ ဝါးစားဖို့အတွက်မဟုတ်ပါဘူး။ ဝါးလိုက်ရင် သင့်ရဲ့သွားလေးတွေကို ထိခိုက်ပျက်ဆီးစေနိုင်ပါတယ်။
၃။ Citrus Fruit (အချဉ်ဓါတ်ပါတဲ့အသီး)
သံပုယိုသီး ၊ သံပုရာသီး၊ လိမ္မော်သီး၊ Grapefruit စတဲ့ အက်ဆစ်ပါတဲ့ အသီးတွေဟာ သင့်ရဲ့သွားလေးတွေကို ကြွေစေပြီး အချိန်တွေကြာလာတာနဲ့အမျှ သွားတွေ ယိုယွင်းပျက်ဆီးလာစေပါတယ်။ သံပုယိုသီး (သို့) သံပုရာသီးကို ရေထဲညှစ်ပြီးသောက်တာကတော့ ခန္တာကိုယ်အတွက်ပါကောင်းမွန်ပေမယ့် သင့်ခံတွင်းကျန်းမာရေးအတွက်တော့အကောင်းဆုံး နည်းလမ်းတစ်ခုမဟုတ်ပါဘူး။ အဲဒီအစား ရိုးရိုးရေပဲသောက်ပါ။
၄။ ကော်ဖီ
ကော်ဖီ နဲ့ လက်ဖက်ရည် (ရေနွေးကြမ်း (သို့) ခါးရည်) တွေဟာ လူအများစု ရွေးချယ်သောက်သုံးကြပါတယ်။ ဒါပေမယ့် သကြားမထည့်ဘဲ သောက်တာရှားပါတယ်။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါတဲ့ ကဖိန်းဓါတ်ဟာ သင့်ရဲ့ခံတွင်းကိုခြောက်သွေ့စေပါတယ်။ မကြာခဏသောက်ပေးမယ်ဆိုရင် သွားလေးတွေကို ပျက်ဆီးစေပါတယ်။
၅။ စေးကပ်တဲ့အစားအစာတွေ
ကျန်းမာတဲ့ သရေစာအဖြစ် လူတွေအများစုဟာ အခြောက်လှန်းထားတဲ့အသီးတွေ ယိုတွေ စားသုံးကြပါတယ်။ ဒါပေမယ့် အဲဒီသရေစာတွေဟာ စေးကပ်တဲ့အစားအစာတွေဖြစ်ပြီး သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ စားပြီးတိုင်းမှာ ပလုတ်ကျင်းပေးဖို့လိုသလို သွားသေချာတိုက်ပေးဖို့လိုပါတယ်။
၆။ အာလူးကြော်
အာလူးကြော်မှာ ကော်မှုန့်တွေအများအပြားပါဝင်ပြီး သင့်ရဲ့သွားလေးကို ပျက်ဆီးစေပါတယ်။ လူတွေအများစု ကြိုက်ပြီး စားသုံးကြတဲ့ အားလူးကြော်လို အစားအစာတွေဟာ သွားချိုး (ဂျိုး) တွေဖြစ်ပေါ်စေပါတယ်။
၇။ ဆိုဒါ (Soda)
သကြားပါဝင်တဲ့အစားအစာတွေ (သို့) အချိုရည်တွေကို ရေရှည်သောက်သုံးမယ်ဆိုရင်တော့ သွားဂျိုးတွေဖြစ်ပေါ်စေပြီး သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ဆိုဒါ ၊ ကိုလာ အပါအဝင် Softdrinks တွေဟာ သင့်ရဲ့ သွားလေးတွေကို ထိခိုက်ပျက်ဆီးစေပါတယ်။ ဒီလို Softdrink တွေသောက်တိုင်း ရေတစ်ခွက် သောက်ပေးပါ။
၈။ အရက်
အရက်ဟာ ရေဓါတ်ခမ်းခြောက်စေပြီး ခံတွင်းခြောက်စေပါတယ်။ အရက်များများသောက်တဲ့သူတွေဟာ သွားပိုးစားတာ သွားတွေ ယိုယွင်းပျက်ဆီးတာနဲ့ သွားဖုံးရောဂါတို့လို့ ခံတွင်းရောဂါကူးစက်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ အရက်များများသောက်တာဟာ ခံတွင်းကင်ဆာ ဖြစ်ပွားမှုကို မြင့်မားစေပါတယ်။
၉။ အားဖြည့်အချိုရည်တွေ
အားဖြည့် အချိုရေတွေဟာအားကစားသမားတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့သူတွေအတွက် အထောက်အကူဖြစ်နိုင်ပေမယ့် အမြဲတမ်းအတွက် (ကိစ္စတော်တော်များများအတွက်) မလိုအပ်ပါဘူးလို့ ကလေးအထူးကု အမေရိန်ကန် အကယ်ဒမီ American Academy of Pediatrics အသင်း ကပြောပါတယ်။ သကြားပါဝင်မှုနည်းတဲ့ အချိုရည် (သို့) ရေကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။
Featured Image Source: Dentistry By Design