ဆီးချိုရောဂါဟာ ကမ္ဘာမှာ အဖြစ်အများဆုံး ရောဂါဖြစ်ပြီး အမြစ်ဖြတ်ကုသဖို့ ခက်ခဲတဲ့ရောဂါလည်း ဖြစ်ပါတယ်။ ဆီးချိုကို ပုံမှန်ဖြစ်အောင် ထိန်းပေးနိုင်တာကလွဲရင် သိပ်တော့ ကုသလို့ မရပါဘူး။ ဆီးချိုမှာ ၃မျိုး ရှိပါတယ်။ Type 1, Type 2 နဲ့ Gestational ဆိုပြီး ၃မျိုး ရှိပါတယ်။ အဖြစ်အများဆုံးကတော့ Type 2 ပါ။

ဆီးချို Type 1 ပာာ အသက် ၄၀အောက်တွေမှာ အဖြစ်များပြီး တခြားကိုယ့်ခန္ဒာကိုယ်ကို ပြန်တိုက်တဲ့ ရောဂါတွေနဲ့ တွဲနေတတ်ပါတယ်။

ဆီးချို Type 2 ကတော့ အသက်ကြီးသူတွေမှာ အများစုဖြစ်ပြီး သွေးတိုး၊ နှလုံးရောဂါတွေနဲ့ တွဲဖြစ်တတ်ပါတယ်။ Gestational ကတော့ ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ အဖြစ်များပြီး ကလေးမွေးပြီးတာနဲ့ မရှိတတ်တော့ပါဘူး။

အကြမ်းအားဖြင့် အဓိက အစာအုပ်စု (၃) မျိုး

(၁) လုံးဝရှောင်ကြဉ်ရမဲ့ အစားအစာတွေ = ဂလူးကို့စ်၊ သကြား၊ နို့ဆီ၊ ထန်းလျက်၊ ကြံသကာနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၂) အသင့်အတင့်သာ စားသုံးနိုင်တဲ့ အစားအစာတွေ = ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ စတဲ့ ကစီဓါတ်များတဲ့ အစာများ၊ ချိုတဲ့ အသီးအနှံများ၊ ပဲအမျိုးမျိုးနဲ့ အဲဒါတွေကနေ လုပ်ထားတဲ့ အစားအစာတွေ၊

(၃) ကြိုက်သလို စားသုံးနိုင်တဲ့ အစားအစာတွေ = အသား၊ ငါး၊ အချိုဓါတ်မရှိတဲ့ အသီးအနှံများ၊ အရွက်များ။

ပင်မအစားအစာတွေမှာ ဆန်ဖြူထက် ဆန်လုံးညိုက သင့်တယ်။ ထမင်းထက် ခေါက်ဆွဲကပိုသင့်တယ်။ ပေါင်မုန့်က ကြားကြတယ်။ သစ်ဥသစ်ဖုတွေအစဉ်လိုက်  မုန်လာဥနီ၊ ကန်စွန်းဥ၊ အာလူး။ ပဲတွေ အစဉ်လိုက်ဆိုရင် ပဲပုတ်၊ ကုလားပဲ၊ ပဲကတ္တီပါ၊ ပဲနီလေး၊ ပဲထောပါတ်။ သစ်သီးအမျိုးမျိုး အစဉ်လိုက် ပန်းသီး၊ သစ်တော်သီး၊ ဆီးသီး၊ စပျစ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ သရက်သီး၊ နာနတ်သီး၊ သင်္ဘောသီး၊ ဖရဲသီး၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အစဉ်လိုက် နွားနို့၊ ဒိန်ချဉ်၊ နို့ဆီ၊ ရေခဲမုန့်၊ သကြားအမျိုးမျိုး အစဉ်လိုက်ဆိုရင် သစ်သီးသကြား (Fructose)၊ နို့သကြား (Lactose)၊ ကြံသကြား (Sucrose)၊ ပျားရည်၊ ဂလူးကို့စ် (Glucose)၊ အချိုရည်အမျိုးမျိုး အစဉ်လိုက် ပန်းသီးဖျော်ရည်၊ လိမ္မော်ရည်၊ ကိုကာကိုလာ၊ လင်မနစ်။

(ဆရာဦးတင့်ဆွေ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်)

ဆီးချိုကို အသီးအရွက်တွေ စားပြီး ထိန်းတာဟာ ပေါ်ပြူလာ ဖြစ်လာတဲ့ နည်းလမ်းတွေပါ။

၁။ ကြက်ဟင်းခါးသီး

ကြက်ဟင်းခါးသီးဟာ ဆီးချို ၃မျိုးလုံးအတွက် အသုံးဝင်တဲ့ အသီးပါ။ ဆေးအဖြစ်တောင် ပြန်ပြီး ထုတ်ထားတာ ရှိပါတယ်။ အသုံးပြုရမယ့် နည်းကတော့….

ကြက်ဟင်းခါးသီး ၄-၅ လုံးကိုယူပါ။ အစေ့တွေကိုပါ ရောကြိတ်ပြီး အရည်အဖြစ် သောက်ပေးပါ။ အစာအိမ်ထဲ ဘာမှမရှိသေးတဲ့ မနက်ခင်းတွေမှာ သောက်ပေးရင်ပိုပြီး အကျိုးများစေပါတယ်။

၂။ ပင်စိမ်း

Source: wholeleaves.in

ပင်စိမ်းမှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်နဲ့ အဆီဓာတ်တွေဟာ သွေးဖိအားမြင့်ခြင်းနဲ့ ဆီးချိုအတွက် အကူအညီ ဖြစ်စေပါတယ်။

အသုံးပြုရမယ့် နည်းလမ်း – ပင်စိမ်းရွက်အနည်းငယ်ကို ယူပြီး စားပေးပါ။ မနက်စောစော စားပါ။ အစာ မစားခင်စားပါ။ အချို့ကလည်း ပျားမီးရွက်ဆိုတဲ့ အရွက်တစ်မျိုးကို အစားမစားခင် စားပေးကြပါတယ်။

၃။ သစ်ကြပိုးခေါက်

သစ်ကြပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် သိကြတာများပါတယ်။ သူဟာ သွေးတွင်းက သကြားဓာတ်ကို ထိန်းပေးနိုင်ပြီး ကိုလက်စထရောကို ကျစေပါတယ်။

အသုံးပြုနည်း – သစ်ကြပိုးခေါက် ၁ဂရမ်ကို နေ့တိုင်း စားပေးပါ။ ကိုယ်စားမယ့် အစားအစာတွေနဲ့လည်း ရောပြီး စားလို့ရပါတယ်။

၄။ Green Tea

Green Tea ဟာ ကျန်းမာစေတဲ့ အရာဖြစ်ပြီး ဆီးချိုသမားတွေ အတွက်လည်း အသုံးဝင်စေပါတယ်။
အသုံးပြုနည်း – Green Tea အထုပ်ကို ၂-၃ မိနစ်လောက် စိမ်ထားပြီး အစာမစားခင် သောက်ပေးပါ။ ဒါမှမဟုတ် အိပ်ယာ နိုးနိုးချင်း သောက်ပေးပါ။

Source: zeenews