မိခင်အသစ်စက်စက်တွေဟာ ကလေးတွေကို နို့ချို တိုက်ကျွေးရမှာ နို့အလုံအလောက် မထွက်တဲ့ ပြဿနာ အမြဲ ကြုံရတတ်ပါတယ်။ မိခင်နို့ဟာ ကလေးငယ်အတွက် ရေဓာတ်၊ သကြားဓာတ်နဲ့ အခြား အာဟာရတွေ များစွာ ပေးစွမ်းတဲ့အတွက် မိခင်နို့ဟာ အရေးကြီးလှပါတယ်။ ဒီလို ပြဿနာနဲ့ မကြုံရအောင် စားရမယ့် အစားအစာတွေ ရှိပါတယ်။ မြန်မာနည်းမှာဆိုရင်တော့ ငရုပ်ကောင်းနဲ့ ဟင်းခါး ချက်သောက်တာမျိုး၊ နွားမြီးကို ဟင်းချိုချက်သောက်တာတွေလည်း စားကြပါတယ်။

Almond

Almond ဟာ နို့တိုက်မိခင်တွေ အတွက် အထူးကောင်းမွန်တဲ့ အစားအစာလို့ ပြောကြပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်များ၊ သတ္တုဓာတ်များနဲ့ အင်တီအောက်ဆီးဒင့်တွေ ပါဝင်တဲ့ အတွက် ကလေးရော မိခင်ပါ ကျန်းမာစေမယ့် အစားအစာ ဖြစ်ပါတယ်။ အစေ့အဆန်နဲ့ အလာ့ဂျစ် ရှိသူဆိုရင်တော့ မစားသင့်ပါဘူး။

ငါး

ငါးစားပေးပါ။ အထူးသဖြင့် ဆယ်လ်မွန်ငါးပါ။ မြန်မာတွေကတော့ ငါးခူ၊ ငါးကျည်း စားပေးကြပါတယ်။ နို့ထွက်စေမယ့် အာနိသင်ကို ကူပေးမယ့် အိုမီဂါ၃အက်ဆစ်ဓာတ် ပါဝင်တာကြောင့် ငါးစားခြင်းဟာ ဆိုးကျိုးမရှိတဲ့ အစားအစာ တစ်ခုပါ။

အစိမ်းရင့်ရောင် အသီးအရွက်စားပါ

အစိမ်းရင့်ရောင် အသီးအရွက်တွေကိုလည်း စားပေးလို့ ရပါတယ်။ အခြား ပန်းပွင့်စိမ်းလို အသီးအရွက်တွေကိုလည်း စားလို့ရပါတယ်။ မြန်မာအယူကတော့ ဒန့်ဒလွန်ရွက်ကို စားပေးပါတယ်။

ဆန်လုံးညိုစားပါ

ဆန်လုံးညိုဟာ ရိုးရိုးဆန်အဖြူထက်ပိုပြီး အမျှင်ဓာတ်ပို ကြွယ်ဝပါတယ်။ ဒါကြောင့် နို့တိုက်မိခင်တွေ အနေနဲ့ ဆန်လုံးညို စားပေးရင် ပိုကောင်းပါတယ်။

ကြက်ဥစားပါ


ကြက်ဥကတော့ မြန်မာအယူမှာ ကလေး လေနာမှာ စိုးရိမ်ပြီး မစားခိုင်းကြပါဘူး။ အနောက်တိုင်းအယူကတော့ မရှိပါဘူး။ ဗီတာမင်နဲ့ ပရိုတင်း ကြွယ်ဝတဲ့ အစားအစာမို့ နို့တိုက်မိခင်တွေကို စားခိုင်းပါတယ်။

Credit: top10homeremedies.com