နိုင်ငံတကာရဲ့ ဟင်းပွဲတွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုတတ်တဲ့ Cayenne ငရုပ်မှုန့်ဟာဆိုရင် ရှူးရှူးရှဲရှဲအစပ်အရသာကိုသာမဟုတ်ဘဲ မထင်မှတ်ထားသည့် ကျန်းမာရေးအကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်ပါတယ်။

Cayenne ငရုပ်မှုန့်ကို နေ့စဉ် ပမာဏအနည်းငယ်စီ ထည့်သွင်းစားသုံးပေးသွားမယ်ဆိုရင် သင့်ကျန်းမာရေးကို အထောက်အပံ့ဖြစ်စေမည့် အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ရပါတယ်။

အရိုးအဆစ်နှင့် ကြွက်သားနာကျင်မှုကို သက်သာစေခြင်း

Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို သံလွင်ဆီနွေးနွေးလေး လက်ဖက်ရည်ဇွန်း နှစ်ဇွန်း သို့မဟုတ် သုံးဇွန်းဖြင့် ရောစပ်ပေးပါ။ နာကျင်နေသည့် အရိုးအဆစ်၊ ကြွက်သားများအပေါ်လိမ်းပေးပြီး မိနစ်နှစ်ဆယ်ကြာသည့်အခါ ရေဆေးချပါ။ တနေ့တကြိမ်လုပ်ဆောင်ပေးပါ။

ကျိုးနေသော သို့မဟုတ် ယားယံတတ်သောအသားများအပေါ်တွင် မသုံးမိဖို့အကြံပေးချင်ပါတယ်။

သွေးခဲမှုကိုကာကွယ်ပေးခြင်း

Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ရေနွေးနွေးတစ်ခွက်ထဲတွင် ရောမွှေပါ။ ပန်းသီးရှာလကာရည်နှစ်ဇွန်း၊ ပျားရည်တစ်ဇွန်းတို့ကို ထပ်ပေါင်းထည့်ပြီး နှံ့အောင်မွှေပါ။ နေ့စဉ်နှစ်ကြိမ်သောက်သုံးပေးပါ။

ဝိတ်ကျရန်ကူညီပေးခြင်း

လက်ဖက်ရည်ဇွန်း တဝက်ခန့်ရှိသည့် Cayenne ငရုပ်မှုန့်ကို မနက်စာဖျော်ရည် သို့မဟုတ် သစ်သီးဖျော်ရည်ထဲတွင် ထည့်သွင်းစားသုံးပေးခြင်းက အစာစားချင်စိတ်ကို ဖိနှိပ်ပေးကာ ကယ်လိုရီများကို လောင်ကျွမ်းစေပါတယ်။

အဆိပ်အတောက်များဖယ်ရှားပေးခြင်း

သံပုယိုသီးတစ်လုံးကို အရည်ညှစ်ပြီး Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတဝက်ခန့်၊ ပျားရည်တို့ကို ရေနွေးနွေးတစ်ခွက်ထဲပေါင်းထည့်ရောမွှေကာ အစာမရှိချိန် သောက်သုံးပေးပါ။ တစ်လျှင် တစ်ပတ်ပဲပြုလုပ်ပေးပါ။

လည်ပင်းနာတာကိုသက်သာစေခြင်း

ရေနွေးပူတစ်ခွက်ထဲတွင် Cayenne ငရုပ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ခန့်ကို ပေါင်းထည့်ကာ ပလုတ်ကျင်းပေးပါ။ လည်ပင်းနာတာသက်သာသွားသည်အထိ တနေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ် ပြုလုပ်ပေးပါ။

ကင်ဆာကာကွယ်ပေးခြင်း

အဆုတ်၊ အသည်း၊ ရင်သားနှင့် အရေပြားကင်ဆာများဖြစ်ပေါ်မှုကို ကာကွယ်ပေးနိုင်ကာ Cayenne ငရုပ်မှုန့်တွင်ပါဝင်သည့် capsaicin အစပ်သည် ကင်ဆာဆဲလ်များကို သေစေနိုင်တာကြောင့် နေ့စဉ်အစာစားသည့်အခါ ထည့်သွင်းစားသုံးပေးပါ။

အအေးမိဖျားနာမှုကိုတိုက်ထုတ်ပေးခြင်း

Cayenne ငရုပ်မှုန့်အနည်းငယ်နှင့် ထောင်းထားသောဂျင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ပျားရည်၊ ပန်းသီးရှာလကာရည်တို့နှင့် ပေါင်းစပ်ပေးပါ။ ရေနွေးနွေးလေးတဝက်ခန့်ကို ထည့်သွင်းပြီးရင် တနေ့နှစ်ကြိမ်သောက်သုံးနိုင်ပါပြီ။

သတိပေးချက်များ

ထိခိုက်ဒဏ်ရာများ သို့မဟုတ် ကျိုးနေသောခြေထောက်များတွင် အသုံးမပြုပါနှင့်။ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့နှင့်ဝေးရာမှာထားပါ။

အသက်နှစ်နှစ်အောက်ကလေးငယ်များအပေါ်တွင် လုံးဝအသုံးမပြုပါနှင့်။ capsaicin ခရင်မ်ကိုအသုံးပြုပြီးလျှင် လက်ကိုသေချာပြောင်အောင်ဆေးပါ။