သခွားမွှေးသီးဆိုတာဟာ အရသာအလွန်ရှိရုံသာမက ဖိုက်ဘာနဲ့ ရေဓာတ်တို့လို အာဟာရဓာတ်တွေ အပြည့်ပါဝင်နေတဲ့ သစ်သီးဝလံတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ သခွားမွှေးသီးဟာဆိုရင် ကိုယ်အလေးချိန်ကျစေနိုင်ရုံသာမက သွေးတိုးကာကွယ်ပေးပြီး အသားအရေနဲ့ ဆံကေသာအလှ ကိုလည်း တိုးတက်စေပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များတဲ့ အသီးတစ်ခုဖြစ်ပြီးတော့ မှန်မှန်စားသုံးပေးမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ်အတွက် ဘက်ပေါင်းစုံကနေ ကောင်းကျိုးတွေကို ရရှိနိုင်မှာပါ။

Source: Simply Healthy Family

သခွားမွှေးသီးတစ်လုံးမှာ ပိုတက်စီယမ်၊ ဗီတာမင်စီအပြင် ဗီတာမင်အေ၊ ဘီ၊ သံဓာတ်၊ ကယ်လ်စီယမ်နဲ့ ဇင့်ဓာတ်တို့လည်း မြောက်မြားစွာ ပါဝင်နေပါတယ်။

ဒီလိုအကျိုးများတဲ့ သခွားမွှေးသီးကို စားသုံးခြင်းက ကယ်လိုရီတက်မှာ ပူစရာမလိုတဲ့အပြင် အခြားဘယ်လိုမျိုး ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ဦးမလဲဆိုတာ အခုပဲဆက်ကြည့်လိုက်ရအောင်ပါ။

ကိုယ်အလေးချိန်ကျစေခြင်း

Source: byg.co.in

အဆီပါဝင်မှုနည်းပါးပြီး ကယ်လိုရီလုံးဝနီးပါး မပါဝင်တာကြောင့် သခွားမွှေးသီးကို ကိုယ်အလေးချိန်လျော့ချဖို့အတွက် အထူးစားသုံးပေးသင့်ပါတယ်။ ဖိုက်ဘာပါဝင်သည့်အတွက်ကြောင့်လည်း အစာကြေစနစ်ကိုကောင်းမွန်စေကာ အူလမ်းကြောင်းကို သန့်ရှင်းစေပါတယ်။ အချိန်ကြာကြာ ပြည့်အင့်မှုကို ဖြစ်ပေါ်စေတာကြောင့် အစာစားချင်စိတ်လည်း လျော့နည်းစေမှာဖြစ်ပါတယ်။

သွေးတိုးကာကွယ်ပေးခြင်း

Source: Medical News Today

ပိုတက်စီယမ်ကြွယ်ဝတဲ့ သခွားမွှေးသီးကို သွေးတိုးရှိသူများအနေနဲ့ စားသုံးဖို့အတွက် ညွှန်းချင်ပါတယ်။ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်အတွင်းမှာ ဆိုဒီယမ်ဓာတ်လွန်ကဲမှုကို ဖယ်ထုတ်ပစ်ကာ သွေးကြောနံရံတွေ တင်းရင်းမှုကိုလည်း ပြေလျော့စေပါတယ်။

အရိုးနဲ့သွားများကို သန်မာစေခြင်း

Source: 1imesub

သခွားမွှေးသီးမှာ ကယ်လ်စီယမ်ဓာတ် အလုံအလောက်ပါဝင်တာကြောင့် သွားနဲ့အရိုးများကို ကြံ့ခိုင်သန်မာစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ စိုးရိမ်ရတဲ့ အရိုးပွရောဂါ မခံစားရလေအောင် သခွားမွှေးကိုစားပေးခြင်းဖြင့် ကယ်လ်စီယမ်ဓာတ်ကို ဖြည့်တင်းလိုက်ပါ။

ရေဓာတ်ပြည့်ဝစေခြင်း

Source: Health Care Tips

သခွားမွှေးသီးတွင် ရေဓာတ်ပမာဏ ၉၀ ရာခိုင်နှုန်းလောက်ပါဝင်သည့်အတွက် ပူအိုက်တဲ့နွေရာသီမှာ စားသုံးဖို့ အထူးသင့်တော်တဲ့ သစ်သီး တစ်မျိုးဖြစ်ပါတယ်။

ငယ်ရွယ်နုပျိုသည့်အသားအရေကို ပေးစွမ်းနိုင်ခြင်း

Source: Medical News Today

ကိုယ်ခံအားစနစ်ကောင်းဖို့အတွက်သာမက အသားအရေလှပဖို့အတွက်လည်း အထူး လိုအပ်တဲ့ ဗီတာမင်စီကို သခွားမွှေးစားသုံးခြင်းဖြင့် ရယူနိုင်ပါတယ်။ ဗီတာမင်စီဓာတ်က Collagen ကို ထုတ်လုပ်ပေးတာကြောင့် အသားအရေကို စိုပြေစေပြီး အိအိလေးရှိနေစေမှာဖြစ်လို့ အရေးအကြောင်းများနဲ့ ပါးရေတွန့်ခြင်းတို့ကို ကြောက်စရာမလိုတော့ဘူးပေါ့။

မျက်လုံးအားကောင်းစေခြင်း

Source: Metro Eye

သခွားမွှေးသီးမှာပါဝင်တဲ့ Phytonutrients တွေဖြစ်ကြသည့် Lutein နှင့် Zeaxanthin တို့ဟာ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးအားကောင်းနေစေဖို့ အတွက် လိုအပ်တဲ့အရာတွေဖြစ်ပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်ခြင်း၊ မှုန်ရီဝေဝါးလာခြင်း စတာတွေ ဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။

Source: www.organicfacts.net