အမေရိကန်ပြည်သူ ၉၀ ရာခိုင်နှုန်းလောက်က အိမ်တွေမှာ မိုက်ခရိုဝေ့တွေ ရှိကြပါတယ်။ ဒါက အံ့သြစရာအချက်အလက်တော့ မဟုတ်ပါဘူး။ မိုက်ခရိုဝေ့က ဟင်းနွေးတာကနေ အစ ပေါက်ပေါက်ဆုပ်လုပ်လို့ရတဲ့အထိကို အသုံးဝင်တာကိုး။

ဒါပေမယ့် မိုက်ခရိုဝေ့တွေက ဘယ်လို အလုပ်လုပ်လဲဆိုတာ လူတော်တော်များများက လေ့လာဖို့ အချိန်မရှိကြပါဘူး။

မိုက်ခရိုဝေ့က မိခင်နို့နဲ့ ဗီတာမင် B-12 ကို ဖျက်ဆီးဖြစ်နိုင်

မိုက်ခရိုဝေ့ထဲထည့်ရင် အမဲသား၊ ဝက်သား၊ နွားနို့တွေမှာ ပါဝင်တဲ့ B-12 ဗီတာမင် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း လျော့နည်းသွားပါတယ်။

B-12 ဗီတာမင်က သွေးအတွင်းဆဲလ်များ၊ DNA နဲ့ အာရုံကြော ကျန်းမာရေးတွေကို ကောင်းစေပါတယ်။

မိခင်နို့ကို မိုက်ခရိုဝေ့ထဲထည့်ပြီး နွေးရင် ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတဲ့ ဘက်တီးရီးယားတွေ တိုးပွားလာစေပါတယ်။ မိခင်နို့ကို မိုက်ခရိုဝေ့ထဲမှာ ထည့်ပြီး နွေးရင် ဝမ်းပျက်ဝမ်းလျှောဖြစ်စေတဲ့ E Coli ဓာတ်တွေကို ပိုးတိုးနိုင်ချေ ၁၈ ဆမြင့်စေပါတယ်။

23-365_Milk_5210381038-e1445366521593

ဟင်းသီးဟင်းရွက်မှာ ပါတဲ့ ဓာတ်တွေကို ထိခိုက်စေ

ဟင်းသီးဟင်းရွက်တွေကို မိုက်ခရိုဝေ့ထဲထည့်ရင် သူတို့မှာရှိနေပြီးသား ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ ဓာတ်တွေကို လျော့နည်းစေပါတယ်။

Colorfull-e1445366492506

ပလပ်စတစ်ခွက်တွေနဲ့ မိုက်ခရိုဝေ့ကို မနွေးသင့်

မိုက်ခရိုဝေ့တွေထဲမှာ ပလပ်စတစ်ခွက်တွေကို ထည့်နွေးရင် ကျန်းမရေးနဲ့ မသင့်တော်တဲ့ BPA၊ Polyethylene Terephthalate (PET)၊ Benzene ၊ Toluene နဲ့ Xylene ဓာတ်တွေ ထွက်ရှိလာပါတယ်။

1361454444-36538400

သွေးဖွဲ့စည်းမှုကို ထိခိုက်

မကြာသေးခင်က ဆွစ်ဇာလန်နိုင်ငံက ပြုလုပ်ခဲ့တဲ့ သုတေသနပြုလုပ်ချက်အရ မိုက်ခရိုဝေ့နဲ့ နွေးတဲ့ ချက်တဲ့ နွားနို့၊ ဟင်းသီးဟင်းရွက်တွေ စားသုံးပေးရင် သွေးထဲမှာ သွေးနီဥတွေ အများကြီး လျော့နည်းလာတတ်ပါတယ်။ သွေးဖြူဥတွေကလည်း ကိုလက်စထရောဓာတ်တွေနဲ့အတူ များလာပါလိမ့်မယ်။ ရေရှည်ကျရင် သွေးရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

blood-75302_1280-e1445366566105

နှလုံး ကျန်းမာရေးကို ထိခိုက်နိုင်

မိုက်ခရိုဝေ့ကထွက်တဲ့ ဓာတ်ရောင်ခြည်တွေက နှလုံးကို ထိခိုက်နိုင်ချေရှိတယ်လို့ ကနေဒါနိုင်ငံ၊ Trent တက္ကသိုလ်က ဒေါက်တာ မာဒါ ဟာဗက်စ် ပြုလုပ်ခဲ့တဲ့ သုတေသနအရ သိရပါတယ်။

မိုက်ခရိုဝေ့သုံးပြီး ချက်ပြုတ်ထားတဲ့၊ နွေးတဲ့ အစားအစာတွေကို စားပြီး နှလုံးခုန် မမှန်တာ၊ ရင်ဘတ်အောက်တာတွေဖြစ်လာရင် မိုက်ခရိုဝေ့ကို ဆက်ပြီး မသုံးသင့်တော့ပါဘူး။

heart