ဗိုက်ကလေး နည်းနည်းပူလာတာနဲ့ နေလို့ထိုင်လို့မရတဲ့ ခံစားချက်မျိုး ခံစားဖူးမှာပါ။ တခါတလေ ဗိုက်ပူတာက အစားသောင်းကျန်းလို့၊ အရက်သောက်တာတို့ကြောင့် ဖြစ်နိုင်ပေမယ့် စိတ်ဖိစီးမှုနဲ့ တခြားအကြောင်းအရင်းတွေကြောင့်လည်းဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ဗိုက်ပူရတဲ့အကြောင်းအရင်းကို သိမှသာ ဗိုက်ပူတာကိုလျော့ချနိုင်တဲ့ နည်းလမ်းကို ရှာဖွေနိုင်မှာပါ။

အရက်ကြောင့်ဖြစ်တဲ့ ဗိုက်ပူခြင်း

သင်အရက်သောက်တာများရင် တဖြည်းဖြည်းနဲ့ သင့်ဗိုက်က ဒီပုံထဲက ပုံမျိုးပူလာတတ်ပါတယ်။ဒီလို ပူလာတယ်ဆိုရင် အကောင်းဆုံးကတော့ အရက်ဖြတ်လိုက်ပါ။

အရက်က ဘာကြောင့် ဗိုက်ကိုပူစေသလဲဆိုတော့ အရက်က အစာခြေတဲ့နေရာမှာအနှောင့်အယှက်ဖြစ်ကာ အစာကိုကောင်းကောင်းမွန်မွန်မချေနိုင်တော့ပါဘူး။ ဒါက ကျန်းမာရေးကို ထိခိုက်စေတဲ့အချက်တစ်ချက်ပါ။ နောက်တစ်ချက်က အရက်မှာ ကယ်လိုရီတွေပါဝင်မှုများတာကြောင့် ဗိုက်ပူလာရတာပါ။

ဘီယာတစ်ခွက်သောက်မယ်ကြံတိုင်း ဘီယာထဲမှာပါတဲ့ ကယ်လိုရီပါသတိရပါ။

စိတ်ဖိစီးမှုကြောင့် ဗိုက်ပူလာခြင်း

စိတ်ဖိစီးမှုများလာရင် ကိုယ်အလေးချိန်တွေတက်ပြီး အထူးသဖြင့် ခါးပတ်လည်မှာ အဆီတွေဖြစ်လာတာပါဘဲ။

ကျန်းမာရေးနဲ့မညီညွတ်တဲ့ အစားအစာတွေအများကြီးစားတာ၊ ခန္ဓာကိုယ်ကို အနားယူဖို့အချိန်လုံလောက်စွာမပေးတာ၊ ဖျားနေတုန်း အနားမယူဘဲ အလုပ်လုပ်တာတို့နဲ့ သက်ဆိုင်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အကောင်းဆုံးကတော့ လေ့ကျင့်ခန်းလုပ်တာနဲ့ ကျန်းမာရေးအတွက် သင့်တော်တဲ့အစားအစာတွေစားတာပါဘဲ။

အဆီများတဲ့အစားအစာတွေ၊ အသင့်စားအစားစာတွေကို မစားပါနဲ့။ နေ့စဉ်လေ့ကျင့်ခန်းလုပ်ရင် စိတ်ဖိစီးမှုကို လျော့စေပြီး ဗိုက်ပူတာလည်းကျလာပါလိမ့်မယ်။

ဟော်မှုန်းကြောင့် ဗိုက်ပူတာ

ဟော်မှုန်း ပြောင်းလဲမှုတွေကြောင့် ဗိုက်ပူလာတာလည်း ဖြစ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ ဆေးဝါးတွေနဲ့ပတ်သက်ပြီး ဖြစ်တတ်တာကြောင့် ဆရာဝန်နဲ့ ပြန်ညှိနှိုင်းပါ။

ဂက်စ်ကြောင့် ဗိုက်ပူတာ

ဗိုက်ထဲမှာ ဂက်စ်တွေအများကြီးရှိတာကြောင့် ဗိုက်တွေပွလာတာမျိုးဖြစ်တတ်ပါတယ်။ နေရထိုင်ရလည်း အဆင်မပြေဘဲ ဗိုက်အောင့်တာမျိုး ခံစားရပါလိမ့်မယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ ချက်ခြင်းပြသသင့်ပါတယ်။

ဒီလိုဂက်စ်များတဲ့အခြေအနေမှာ ဂက်စ်ပိုဖြစ်နိုင်တဲ့ အဆီများတဲ့ အစားအစာတွေ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ဂက်စ်အချိုရည်တွေကို မသောက်ပါနဲ့။