ပြောင်းလဲလာတဲ့ နေထိုင်မှုပုံစံတွေကြောင့် လူ့ခန္ဓာကိုယ်ထဲမှာလည်း အဆိပ်အတောက်တွေ အများကြီးရှိနေပါပြီ။

အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေမှာ သုံးတဲ့ ပိုးသတ်ဆေးတွေ၊ မြေအောက်ရေတွေမှာပါဝင်လာတဲ့ အာဆင်းနစ်၊ မာကျုရီတွေကို သောက်သုံးနေကြရပါတယ်။ အဲ့ဒီ အဆိပ်အတောက်တွေကို ကျောက်ကပ်နဲ့အသည်းကို သွားပြီး ဝန်ထုပ်ဝန်ပိုးဖြစ်စေကာ ကျောက်ကပ်၊ အသည်းရောဂါတွေပိုဖြစ်လာကြပါတယ်။

ဒါ့ကြောင့် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်တဲ့နည်းလမ်းများကို ဝေမျှပေးချင်ပါတယ်။

Detox ဖျော်ရည်တွေသောက်ပါ

အခုနောက်ပိုင်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးတဲ့ Detox ဖျော်ရည်တွေပေါ်လာပါပြီ။ ဒီဖျော်ရည်တွေမှာ အမျှင်ဓာတ်တွေပါဝင်တာကြောင့် အစာခြေစနစ်ကို ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

MyFood Myanmar မှာလည်း Detox လုပ်နည်းတွေတင်ထားပါတယ်နော်။

ကောင်းတဲ့ ဘက်တီးရီးယားတွေခန္ဓာကိုယ်ထဲမှာရှိစေဖို့ ဒိန်ချဉ်စားပါ

အစာအိမ်ထဲမှာ၊ အစာခြေစနစ်ထဲမှာ ကောင်းတဲ့ ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။ ဒါ့ကြောင့် ဒိန်ချဉ်ကို များများစားပေးပါ။

Green Tea ကို သောက်ပါ

မနက်ခင်း ကော်ဖီကို သောက်မယ့် အစား Green Tea ကို ပြောင်းသောက်ပေးပါ။ Green Tea မှာ ကျန်းမာရေးအတွက် ကောင်းကျိုးတွေအများကြီးရှိပြီး လူကိုလည်း လန်းဆန်းတက်ကြွစေပါတယ်။

သန့်သန့်ရှင်းရှင်းနေပါ

ကိုယ်အလုပ်လုပ်တဲ့ နေရာ၊ ကိုယ့်အိမ်ကို သန့်သန့်ရှင်းရှင်းဖြစ်အောင်ထားပါ။ ဖုန်တွေ၊ မှိုနံ့တွေမရှိအောင် သန့်ရှင်းအောင် ထားပါ။

သကြား လျော့စားပါ

သကြားက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို အနှောင့်အယှက်ပေးပြီး သွေးအတွင်း အချိုဓာတ် ကူးကို့စ်ကိုလည်း များစေပါတယ်။ ဒါ့ကြောင့် ဆီးချိုနဲ့ နှလုံးရောဂါကို ပိုဖြစ်စေပါတယ်။

Photo Credit: Bright Side