အသေးစား ထိခိုက်ဒဏ်ရာ

wahoo-s

သင့်မှာ အသေးစား ထိခိုက်ဒဏ်ရာတွေနဲ့အနာတွေရှိရင် ပထမဆုံး ရေနဲ့ စင်ကြယ်အောင် ဆေးလိုက်ပါ။ နနွင်းကို အဲ့ဒီ ဒဏ်ရာပေါ်ဖြူးလိုက်ပြီး ပတ်သီးစည်းထားလိုက်ပါ။

နေလောင်ဒဏ်ရာ

Woman with Sunburnt Back

နေလောင်လို့ အရေပြားမှာ ယားယံ၊ နာကျင်တာတွေရှိနေရင် ရှားစောင်းလက်ပတ်ကို နနွင်းနဲ့ ရောပြီး အသားအရေ အပေါ် လိမ်းပေးပါ။

အဆစ်အမြစ်နာကျင်ကိုက်ခဲ

joint-pain_shutterstock_176622008

Himalayan ဆား ၁ ဆ၊ နနွင်း ၂ ဆနဲ့ ရောပြီး ရေထည့်ပါ။ မွှေလိုက်ပြီး အဆစ်အမြစ်နာကျင်ကိုက်ခဲတဲ့နေရာကို လိမ်းပေးပါ။ မိနစ် ၂၀ ကနေ ၁ နာရီကြားလောက် ထားထားပါ။ အသားအရေက အဝါရောင်သန်းလာပါလိမ့်မယ် မစိုးရိမ်ပါနဲ့။ ဒါဆိုရင် ရောင်ရမ်းတာတွေ လျော့ကျလာပါလိမ့်မယ်။

သွားဖြူစေဖို့

Teeth Whitening

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ စားလို့ရတဲ့ အုန်းဆနီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ နနွင်း လက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ကို ရောပါ။ ချိချွဲချွဲလေးဖြစ်သွားရင် သွားတိုက်တံထဲ ထည့်ပြီး သွားတိုက်ပေးပါ။

ဝက်ခြံ၊ အမည်းစက်တွေ ပျောက်ကင်းဖို့

Acne

ရေ၊ နနွင်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစီကို ရောလိုက်ပါ။ ပြစ်ချွဲချွဲလေးရသွားရင် မျက်နှာမှာလိမ်းလိုက်ပါ။ ၃ မိနစ်ထားပြီး မျက်နှာသစ်လိုက်ပါ။