အရေးကြီး ဧည့်သည်တွေနဲ့ ညစာ စားတဲ့အခါမှာတော့ ခက်ရင်း၊ ဓား ဘာသာစကားကို သိထားဖို့လိုပါတယ်။ မဟုတ်ရင် ကိုယ်က ညစာ စားပွဲမှာ အဆင်ပြေမှာမဟုတ်ပါဘူး။

IMG_5063

ကိုယ်စားလက်စ ပန်းကန်ကို စားပွဲထိုး မသိမ်းစေချင်ရင် ဓားနဲ့ ခရင်းကို တြိဂံပုံစံ ထိပ်ပိုင်းလေးကို ထိပြီး ထားလိုက်ပါ။

240_F_69144395_VddklgYWGIRT3pzkVt3e9Cpj9BwyNj1i

အကယ်၍ ကိုယ်စားသုံးလို့ပြီးလို့ နောက်တစ်ပွဲချစေချင်ရင် ဓားကို ကန့်လန့်ဖြတ်ချထားပြီး ခရင်းကို ဒေါင်လိုက် ဓားပေါ်မှာ တင်လိုက်ပါ။ ဒါဆိုရင် ကန့်လန့်ဖြတ် အနေအထားဖြစ်သွားပါလိမ့်မယ်။

IMG_5086-e1447640334757

စားလို့ကောင်းကြောင်း စားဖိုးမှူးကို သိစေချင်ရင် ဓားနဲ့ ခရင်းကို ပန်းကန်နဲ့ ကန့်လန့်ဖြတ် အပြိုင်ပုံစံမျိုး တင်ပေးပါ။

DSC_0019-e1302540022184

ဒီပန်းကန်ကို စားလို့ပြီးသွားကြောင်း ပြောစေချင်ရင် ခရင်းနဲ့ ဓားကို ပန်းကန်မှာ ဒေါင်လိုက်တင်ထားပေးပါ။

IMG_5075-e1447639933830

မကြိုက်လို့ရှိရင် ခရင်းအကြောင်းတွေထဲကို ဓားထည့်ပြီး တင်ထားလိုက်ပါ။

ဒီအချက်တွေက အရေးကြီးပါတယ်။ တခါတလေ ကိုယ်စားပြီးတဲ့ ပန်းကန်မှာ ဇွန်း၊ခရင်း၊ဓားတို့ သေချာ မချတတ်ရင် စားဖိုမှူးကို အပြစ်ပြောရာ ရောက်တတ်ပါတယ်။

ညစာစားပွဲမှာ စကားကျယ်ကျယ်လောင်လောင်ပြောတာ၊ ကျယ်ကျယ်လောင်လောင် ရယ်တာတွေ မလုပ်သင့်ပါဘူး။ လူတစ်ယောက်ကို စိုက်ကြည့်တာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ စော်ကားရာကျပါတယ်။

ကိုယ့်ကို ဖိတ်ကြားခဲ့တဲ့သူ၊ ကူညီဖူးတဲ့ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းတို့ တွေ့တဲ့အခါမှာ ကျေးဇူးတင်ကြောင်းပြောပေးပါ။