အစားအစာကောင်းတွေ ချက်ပြုတ်ဖို့အတွက် သန့်ရှင်းသပ်ရပ်တဲ့ မီးဖိုချောင် တစ်ခု လိုအပ်ပါတယ်။ ချက်ပြုတ်ရာမှာ စိတ်အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေဟာ အစားအစာ ချက်ပြုတ်သူတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို ပျက်စီးစေပါတယ်။ ဘာကြောင့်လဲဆိုရင် ချက်ပြုတ်ခြင်းဆိုတာ အနုပညာ တစ်ရပ်မို့ပါပဲ။

အာဟာရနဲ့ ညီအောင် စားလို့ မြိန်အောင် အစပ်အဟက်တည့်အောင် ချက်ပြုတ်ရတဲ့ ချက်ပြုတ်သူတွေဟာ နေ့စဉ်နဲ့ အမျှ ဘာချက်ရမလဲဆိုတဲ့ အတွေးနဲ့တင် အလုပ်ရှုပ်နေတတ်ပါတယ်။ ဒါ့ကြောင့် အချို့ မီးဖိုချောင်ထဲမှာ လွယ်ကူစေမယ့် နည်းလမ်းတွေနဲ့ အနှောင့်အယှက် ဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးမယ့် နည်းလမ်းတွေကို မျှဝေချင်ပါတယ်။

၁။ ရေခဲသန့်သန့်

ရေခဲလေးတွေကို အမှုန်အမွှား ကင်းစင်ပြီး သန့်သန့်လေး လိုချင်တယ်ဆိုရင်တော့ ရေကို ကျိုချက်ပြီးမှ ရေခဲခွက်ထဲ ထည့်ပါ။

၂။ ပုရွက်ဆိတ် ပြေးချင်ရင်

ပုရွက်ဆိတ်တွေဟာ မီးဖိုချောင်ထဲက သတ္တဝါ တစ်မျိုးလို့တောင် ပြောလို့ ရပါတယ်။ သူ့ကို သခွားသီးနဲ့ နှိမ်နင်းနိုင်ပါတယ်။ သခွားသီး အနံ့ကို အင်းဆက် အတော်များများ မုန်းကြပါတယ်။

၃။ သံပုရာသီး အရည်ပိုထွက်ချင်ရင်

ဟင်းထဲထည့်ရာတွင်လည်းကောင်း၊ သံပုရာရည်ဖျော်ရာတွင်လည်းကောင်း သံပုရာသီး၊ ရှောက်သီးများ အရည်များများ ထွက်စေလိုလျှင် ရေနွေးထဲတွင် သံပုရာသီးကို တစ်နာရီခန့် စိမ်ပြီးမှ အရည်ညှစ်ပါက အရည်များ အလွန်ထွက်ပါတယ်။ မိုက်ကရိုဝေ့ထဲ စက္ကန့် အနည်းငယ်လောက် ထည့်ထားရင်လည်း ရပါတယ်။ သံပုရာသီးကို မလှီးခင် လှိမ့်ပေးရင်လည်း ရပါတယ်။

၄။ အညှီနံ့တွေ ပျောက်စေဖို့

အသား ငါးတွေ ကိုင်ပြီးရင် လက်မှာ စွဲနေတဲ့ အညှီနံ့တွေကို ပျောက်စေဖို့ ပန်းသီး ဗနီကာနဲ့ ဆေးလို့ရပါတယ်။ ဒါမှမဟုတ် သံပုရာသီး ညှစ်ပြီးသား အခွံနဲ့ လက်တွေကို ပွတ်တိုက်ပေးပါ။

၅။ အာလူးတွေ မြန်မြန်နူးချင်ရင်

အာလူးပြုတ်တဲ့အခါ အချိန်တိုတိုအတွင်း ကျက်စေလိုတယ် ဆိုရင်ဖြင့် အာလူးတစ်လုံးကို ယူပြီး အခွံတစ်ခြမ်းထဲ နွာပြီး ပြုတ်အိုးထဲကို အခြားအာလူးများနဲ့ အတူထည့်ပြုတ်ပါ။

၆။ ကြက်ဥပြုတ်ကို အခွံနွှာရလွယ်ကူစေဖို့

ကြက်ဥပြုတ်တွေကို အခွံနွှာရတဲ့ ခက်တဲ့ အချိန်တွေ ရှိပါတယ်။ ဒီလိုမျိုးမဖြစ်စေဖို့ ပြုတ်တဲ့အခါ ဆားထည့် ပြုတ်ပေးပါ။

၇။ ကန်စွန်းဥပြုတ်တဲ့ အခါ

ကန်းဇွန်းဥပြုတ်ကို အခွံနွှာရ လွယ်ကူအောင် ပြုတ်ပြီးပြီးချင်း ရေအေးထဲ စိမ်ထားလိုက်ပါ။

Source: funzung