[Unicode]

တမာပင်ကို မြင်ဖူးကြပါလား။ အထက်အညာဘက်ကို သွားရင်တော့ တမာနံ့လေး သင်းနေပြီး တမာပင်အရိပ်လေးတွေ အောက်မှာ ခိုလို့ရလောက်အောင် တမာပင်တွေ ပေါလှပါတယ်။ သီချင်းတောင် ရှိပါသေးတယ် “တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ..” ရန်ကုန်မှာတော့ တမာပင်ကို သေချာ မသိပေမယ့် တမာချဉ်ကိုတော့ သိကြမယ်ထင်ပါတယ် တမာပင်ဟာ ဆေးဖက်ဝင် အပင်အဖြစ် သတ်မှတ်ခံထားရတဲ့ အပင်ပါ။

တစ်နှစ်ပတ်လုံး စားသုံးလို့ ရနိုင်တဲ့ အပင်ပါ။ ကျန်းမာရေး အတွက် ကောင်းမွန်စေတဲ့ အချက်တွေ ရှိသလို တစ်ချို့အပိုင်းတွေအတွက်တော့ မကောင်းစေနိုင်တာတွေလည်း ရှိပါတယ်။

ဘယ်လို အရာတွေအတွက် ကောင်းမွန်စေသလဲဆိုတာ ကြည့်ရအောင်ပါ။

၁။ အရေပြားအတွက် ကောင်းမွန်

တမာရွက်ဟာ ဗီတာမင် စီ ပါဝင်တဲ့ အတွက် အရေပြားကျန်းမာရေး အတွက် ကောင်းမွန်စေပါတယ်။ ဝက်ခြံ၊ အမဲစက်တွေနဲ့ တင်းတိတ်တွေကို သက်သာစေပါတယ်။ အရေပြားပေါ်မှာ အနာတွေ အပူနာတွေ ပေါက်ရင် တမာရွက် ပြုတ်ရည်နဲ့ ရေချိုးပေးရင် သက်သာစေပါတယ်။ တမာရွက်ရဲ့ သတ္တုရည်နဲ့ ဝက်ခြံတို့ အမဲစက်တို့ ပေါ်ကို တို့ပေးရင်လည်း သက်သာစေပါတယ်။

Neem-trees

၂။ ဆီးချိုရောဂါကို ကုသနိုင်

တမာရွက်ဟာ ခါးသက်သက် အရသာ ရှိပြီး ဆီးချိုသမားတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ဆီးချိုအမျိုးအစား ၂ အတွက် ကုသရာမှာ ကူညီပေးပါတယ်။ ကိုယ်ထဲက သကြားဓာတ်ကို ထိန်းပေးနိုင်တဲ့ အစွမ်း ရှိပါတယ်။

၃။ အစာကြေစနစ်အတွက် ကောင်းမွန်

ဒီဆေးဖက်ဝင် တမာပင်ဟာ အစာချေဖျက်မှု အတွက် အထောက်အကူ ဖြစ်စေပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အတွက် လေနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၄။ ရင်ကြပ်ရောဂါအတွက် ကောင်းမွန်

တမာရွက်ဟာ အသက်ရူလမ်းကြောင်း ဆိုင်ရာ ရောဂါတွေကို ကုသရာမှာ ကူညီပေးပါတယ်။ ချောင်းဆိုးခြင်း၊ အသက်ရူမဝခြင်း၊ ချွဲသလိပ် ခဲနေခြင်းတို့ကနေ သက်သာစေဖို့ တမာရွက်ဟာ အသုံးဝင်ပါတယ်။

၅။ သွားကျန်းမာရေးကို ကူညီ

ရှေးလူကြီးတွေဆိုရင် တမာရိုးနဲ့ သွားတိုက်ကြပါတယ်။ တမာဟာ သွားတွေကို ခိုင်ခံ့ပြီး ဖြူဖွေးစေနိုင်တဲ့ အစွမ်း ရှိပါတယ်။ သဖုံးအတွင်း ဖြစ်တတ်တဲ့ ရောဂါတွေကို ကာကွယ်ပေးတဲ့ အပြင် သွားပိုးစားခြင်းကိုလည်း သက်သာစေပါတယ်။ ကွမ်းဂျိုးတွေ တက်နေတဲ့ သွားတွေကို တမာရိုးနဲ့ တိုက်ပေးရင် သက်သာစေပါတယ်။ ခံတွင်းအနံ့ကိုလည်း ထိန်းပေးနိုင်ပါတယ်။

Credit: Zeenews

[Zawgyi]

တမာပင္ကို ျမင္ဖူးၾကပါလား။ အထက္အညာဘက္ကို သြားရင္ေတာ့ တမာနံ႔ေလး သင္းေနၿပီး တမာပင္အရိပ္ေလးေတြ ေအာက္မွာ ခိုလို႔ရေလာက္ေအာင္ တမာပင္ေတြ ေပါလွပါတယ္။ သီခ်င္းေတာင္ ရွိပါေသးတယ္ “တမာေတာမွာ ေပ်ာ္တယ္ဆိုတဲ့ ေမာင္ေရ ေမာင္ေရ..” ရန္ကုန္မွာေတာ့ တမာပင္ကို ေသခ်ာ မသိေပမယ့္ တမာခ်ဥ္ကိုေတာ့ သိၾကမယ္ထင္ပါတယ္ တမာပင္ဟာ ေဆးဖက္၀င္ အပင္အျဖစ္ သတ္မွတ္ခံထားရတဲ့ အပင္ပါ။

တစ္ႏွစ္ပတ္လံုး စားသံုးလုိ႔ ရႏိုင္တဲ့ အပင္ပါ။ က်န္းမာေရး အတြက္ ေကာင္းမြန္ေစတဲ့ အခ်က္ေတြ ရွိသလို တစ္ခ်ိဳ႕အပိုင္းေတြအတြက္ေတာ့ မေကာင္းေစႏိုင္တာေတြလည္း ရွိပါတယ္။

ဘယ္လို အရာေတြအတြက္ ေကာင္းမြန္ေစသလဲဆိုတာ ၾကည့္ရေအာင္ပါ။

၁။ အေရျပားအတြက္ ေကာင္းမြန္

တမာရြက္ဟာ ဗီတာမင္ စီ ပါ၀င္တဲ့ အတြက္ အေရျပားက်န္းမာေရး အတြက္ ေကာင္းမြန္ေစပါတယ္။ ၀က္ၿခံ၊ အမဲစက္ေတြနဲ႔ တင္းတိတ္ေတြကို သက္သာေစပါတယ္။ အေရျပားေပၚမွာ အနာေတြ အပူနာေတြ ေပါက္ရင္ တမာရြက္ ျပဳတ္ရည္နဲ႔ ေရခ်ိဳးေပးရင္ သက္သာေစပါတယ္။ တမာရြက္ရဲ႕ သတၱဳရည္နဲ႔ ၀က္ၿခံတို႔ အမဲစက္တို႔ ေပၚကို တို႔ေပးရင္လည္း သက္သာေစပါတယ္။

Neem-trees

၂။ ဆီးခ်ိဳေရာဂါကို ကုသႏိုင္

တမာရြက္ဟာ ခါးသက္သက္ အရသာ ရွိၿပီး ဆီးခ်ဳိသမားေတြကို ကုသရာမွာ အသံုး၀င္ပါတယ္။ ဆီးခ်ိဳအမ်ိဳးအစား ၂ အတြက္ ကုသရာမွာ ကူညီေပးပါတယ္။ ကိုယ္ထဲက သၾကားဓာတ္ကို ထိန္းေပးႏုိင္တဲ့ အစြမ္း ရွိပါတယ္။

၃။ အစာေၾကစနစ္အတြက္ ေကာင္းမြန္

ဒီေဆးဖက္၀င္ တမာပင္ဟာ အစာေခ်ဖ်က္မႈ အတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။ အမွ်င္ဓာတ္ ၾကြယ္၀တဲ့ အတြက္ ေလနဲ႔ ပတ္သက္တဲ့ ေရာဂါေတြကို ကာကြယ္ေပးႏိုင္ပါတယ္။

၄။ ရင္ၾကပ္ေရာဂါအတြက္ ေကာင္းမြန္

တမာရြက္ဟာ အသက္ရူလမ္းေၾကာင္း ဆိုင္ရာ ေရာဂါေတြကို ကုသရာမွာ ကူညီေပးပါတယ္။ ေခ်ာင္းဆိုးျခင္း၊ အသက္ရူမ၀ျခင္း၊ ခြ်ဲသလိပ္ ခဲေနျခင္းတို႔ကေန သက္သာေစဖို႔ တမာရြက္ဟာ အသံုး၀င္ပါတယ္။

၅။ သြားက်န္းမာေရးကို ကူညီ

ေရွးလူႀကီးေတြဆိုရင္ တမာရိုးနဲ႔ သြားတိုက္ၾကပါတယ္။ တမာဟာ သြားေတြကို ခိုင္ခံ့ၿပီး ျဖဴေဖြးေစႏုိင္တဲ့ အစြမ္း ရွိပါတယ္။ သဖံုးအတြင္း ျဖစ္တတ္တဲ့ ေရာဂါေတြကို ကာကြယ္ေပးတဲ့ အျပင္ သြားပိုးစားျခင္းကိုလည္း သက္သာေစပါတယ္။ ကြမ္းဂ်ိဳးေတြ တက္ေနတဲ့ သြားေတြကို တမာရိုးနဲ႔ တိုက္ေပးရင္ သက္သာေစပါတယ္။ ခံတြင္းအနံ႔ကိုလည္း ထိန္းေပးႏိုင္ပါတယ္။

Credit: Zeenews