စွန့်ပစ်ပစ္စည်းတွေဆိုတာ ပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ ပစ္စည်းတွေဆိုလည်း မမှားပါဘူး။ ပါကင်နဲ့ ထုပ်ပိုးထားတဲ့ စက္ကူဘူးတွေဆိုလည်း အထဲကပစ္စည်းကို သုံးပြီဆိုတာနဲ့ ထိုစက္ကူဘူးကို အလွယ်တကူ လွှင့်ပစ်တတ်ကြပါတယ်။

ဂျိုးတူးနေတဲ့ ဒယ်အိုးတွေဆိုလည်း အလွယ်တကူမလွှင့်ပစ်ဘဲ အသစ်အတိုင်းပြန်ဖြစ်အောင် ပြုလုပ်ပြီး ပြန်လည်အသုံးပြုလို့ရပါတယ်။

ထိုကဲ့သို့ အသုံးတည့်စေမယ့် နည်းလမ်းကောင်းလေးတွေကို အိမ်ရှင်မများအတွက် ဝေမျှပေးလိုက်ပါတယ်။

ပန်းကန်ဆေးရာမှာ အသုံးပြုနိုင်တဲ့ အဆင့်မြင့်ရာဘာလက်အိတ်

ပန်းကန်ဆေးတဲ့ အစိမ်းဖတ်လေးကို ထောင့်မှန်စတုဂံပုံသဏ္ဍာန် လှီးဖြတ်လိုက်ပါ။ ထို့နောက် ရာဘာလက်အိတ်ရဲ့လက်ချောင်းလေးတွေပေါ်မှာ ကပ်လိုက်ပါ။

ဒါဆိုရင်တော့ လက်ဖဝါးအရေပြားများ ဆပ်ပြာစားမှာ ကြောက်နေတဲ့သူတွေအတွက် အဆင့်မြင့်ရာဘာလက်အိတ်တစ်ခု ရရှိသွားပြီပေါ့။

မိုင်ရောနိစ်အသုံးပြုပြီး အိမ်တွင်းအပင်များကို ပြန်လည်ရှင်သန်လာအောင် ပြုလုပ်မယ်

မိုင်ရောနိစ်များကို လက်တကော်စာခန့် ခပ်ယူပြီးနောက် ညှိုးနွမ်းနေတဲ့သစ်ရွက်မျက်နှာပြင်ပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် နေရောင်ခြည်ရတဲ့နေရာတွင် ရွေ့ပေးလိုက်မယ်ဆိုရင် သင့်ရဲ့အိမ်တွင်းအပင်က အရင်လိုပြန်လည်ရှင်သန်လာပါလိမ့်မယ်။

တစ်သျှူးလိပ်များကို စနစ်တကျထားနည်း

အင်္ကျီချိတ်ရဲ့အလယ်တည့်တည့်ကို ပလာယာနဲ့ ဖြတ်လိုက်ပါ။ ထို့နောက် တစ်သျှူးလိပ်လေးကို အင်္ကျီချိတ်မှာ အလျားလိုက် ချိတ်ထားလိုက်ရုံပါပဲ။

စက္ကူဘူးများကို မလွှင့်ပစ်ဘဲ မီးဖိုချောင်အတွက် အသုံးတည့်အောင် သုံးနည်း

စက္ကူဘူးထဲသို့ ပလပ်စတစ်အိတ်လေး ထည့်ပါ။ ထိုစက္ကူဘူးအဖုံးကို စဉ်းနီတုံးအောက် ဖိထားလိုက်မယ်ဆိုရင် လှီးဖြတ်ခုတ်ထစ်ထားတဲ့ လွှင့်ပစ်မယ့် ဟင်းသီးဟင်းရွက် (သို့) အသား၊ ငါးများကို တစ်ခါတည်း အိတ်ထဲ ထည့်လိုက်ရုံပါပဲ။

ဂျိုးကပ်ပြီး ပေကျံနေတဲ့ဒယ်အိုးကို သန့်ရှင်းတောက်ပြောင်သွားအောင် ပြုလုပ်နည်း

အရင်ဦးဆုံး ဂျိုးကပ်နေတဲ့ နေရာပေါ်သို့ မုန့်ဖုတ်ဆိုဒါ ဖြူးလိုက်ပါ။ ထို့နောက် ရှာလကာရည်များ ပက်ဖြန်းလိုက်ပါ။ မိနစ်ပိုင်းလောက် ထားထားလိုက်ပါ။

ပြီးမှ ပန်းကန်ဆေးအဝတ်ဖြင့် သုတ်လိုက်ပါ။

ဒါဆိုရင်တော့ ဂျိုးကပ်ပြီး ပေကျံနေတဲ့ဒယ်အိုးက အသစ်အတိုင်း ဖြစ်သွားပါပြီ။

Source: Bloosm